နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Lime Up မဝင်တဲ့ မက်ဆီနဲ့ ကိုးမန်းရဲ့အလှည့်အပြောင်းကစားပွဲ

နိုဝင်ဘာ  ၉


စနေနေ့ကစားခဲ့တဲ့ လာလီဂါပွဲ ဘာစီလိုနာနဲ့ ဘက်တစ်တို့ပွဲမှာ ဘာစီက ၅−၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အနိုင်ရတာက ဒုတိယပိုင်းမှပါ။ ပထမပိုင်းမှာ ၁−၁ သရေ ရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲကို နည်းပြကြီး ကိုးမန်းက မက်ဆီမပါတဲ့ တိုက်စစ်ကို ပွဲထုတ်ခဲ့တာပါ။ မက်ဆီကို အရန်ခုံမှာထားပါတယ်။ ဒါကြောင့် ပရိသတ် တွေက သို့လောသို့လောတွေ ဖြစ်ကုန်ပါတယ်။ ပထမပိုင်း မှာ ဂရစ်မန်းကို ဦးဆောင်စေခဲ့တာပါ။ ဂရစ်မန်းဟာ ပင်နယ်တီဂိုးလဲ မဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဂျော်ဒီအယ်ဘာပေးပို့မှုကနေ ၁ ဂိုး ပြန်ရခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ မက်ဆီပါဝင်ကစားခဲ့ပါတယ်။ မက်ဆီက ပင်နယ်တီအပါအဝင် အခွင့်အရေး ၃ ကြိမ်မှာ ၃ ကြိမ် စလုံး ဂိုးရဖို့ နီးစပ်ခဲ့ပြီး၂ ဂိုးရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ 

ကိုးမန်းက “ကျွန်တော်တို့ ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ပြဿနာအနည်းငယ်ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ လီယိုနဲ့ စကားပြောခဲ့ပြီး အရန်ခုံမှာထားကာ အရေးပေါ်လိုအပ်မှ ထည့်မယ်လို့ အသိပေးပြီးသားပါ။ မက်ဆီမှာ ရုပ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှုကောင်းလာရင် သူ့ကို ပွဲအစကတည်းက အသုံးပြုသွားမှာပါ။ ဂရစ်ဇ်မန်းဟာ သူလုပ်ပြထားသလို ဆက်ကြိုးစားသွားဖို့ မျှော်လင့်ပါတယ်။ အခွင့်အရေးတွေရှိနေတတ်ပါတယ်။ ခုနိုင်ပွဲက အရေးကြီးတဲ့နိုင်ပွဲပါ။ ရမှတ်တွေ ကျွန်တော်တို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ ခုတိုက်စစ်ဆင်တဲ့ပုံစံက ကောင်းပါတယ်။ ပထမပိုင်း သရေကျတာ မတရားဘူးလို့ ထင်ရပါတယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်လို့ပါ။ ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့တယ်။ ဂိုးရမဲ့အခွင့်အရေးတွေဆုံးရှုံးခဲ့တယ်။ ဒုတိယပိုင်းမှာ ဂိုးတွေ ရခဲ့တယ်။ ထိုက်တန် ခဲ့တယ်။ ကောင်းလည်းကောင်းမွန်တယ် အာရုံလည်းပိုစိုက်နိုင်ခဲ့တယ်”လို့ ကြွားလုံးထုတ်သွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ