နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံဖြူဇရပ်မြို့၌ အစာအဆိပ်သင့်၍ အမျိုးသား ၂ ဦး သေဆုံး

သံဖြူဇရပ် မေ ၁

ဧပြီ ၃၀ ရက်၊ နံနက်  ၁၀ နာရီခွဲအချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ အမျိုးသား ၂ ဦး အစာအဆိပ်သင့်၍ သေဆုံးသွားကြောင်းသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်ဒင်(၉၀)နှစ်နှင့် သားဖြစ်သူ ဦးသောင်းဖေ(၅၀)နှစ်တို့ ၂ ဦးအား ပြင်ပဒဏ်ရာမရှိဘဲ ယာနားသွေးထွက်၊ နောက်ကျောတွင် သွေးထိုင်ကွက်များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့ ၂ ဦးသည် ပင်လယ်အတွင်းမှရရှိသော ငါးပူတင်းအား ချက်ပြုတ်စားသောက်ရာမှ အစာအဆိပ်သင့်ကာ သေဆုံးခြင်းဖြစ်သည်။

 အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဧပြီ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆-၇/၂၀၂၀)ဖြင့် အသီးသီးရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။             

ဆွေဦး






အခြားဆက်စပ်သတင်းများ