နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်တွင်းဝယ်လက်ရှိ ပုံမှန်ရှိသည့်အပြင် ဈေးကောင်းရသောကြောင့် ပဲကြီးကို အဓိကစိုက်ပျိုးနေ

ရေနံချောင်း နိုဝင်ဘာ‌ ၉


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးနှောင်းသီးနှံအဖြစ် တောင်သူများပဲကြီး ကို ပြည်တွင်းရောင်းလိုအား၊ ဝယ်လိုအား ပုံမှန်ရှိသည့်အတွက် အဓိကထား၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ပဲကြီးကိုယာမြေများ၌ အခြားသီနှံများထက် စိုက်စရိတ်သက်သာပြီး မိုးရာသီသီးနှံများ နုတ်သိမ်းပြီး ထွန်ထယ်ရေးထပ်မံထွန်ယက်ကာ သီးညှပ်အဖြစ် စိုက်ပျိုးရခြင်း၊ နွေအတွက်ပဲကြီးအပင်မှ နွားစာအဖြစ် ကျွေးမွေးသောကြောင့် မိုးနှောင်းသီနှံအဖြစ် စိုက်ပျိုးကြသည်။

ပဲကြီးပဲရော(ပဲစိမ်း)အဖြစ် ရာသီစာအဖြစ် စားသုံးကြတဲ့အတွက် ယခုနှစ်ဖေဖော်ဝါရီလထဲမှာ ပဲစိမ်း  တစ်ပြည်လျှင် ကျပ် ၄၀၀၀ ရောင်းရပြီး ပဲကြီးစိမ်းကနေပေါ်ဦးပေါ်ဖျား ဈေးကောင်းရသည့်အပြင် ပဲကြီး အ‌ခြောက်ကိုလည်း ပြည်တွင်းဒေသခံကုန်သည်ပွဲစားမှ ပုံမှန်ဝယ်ယူ၍ ဈေးကွက်ရှိကြောင်း တောင်သူ ဦးသိန်းထိုက်က ပြောသည်။

ရေနံချောင်းမြို့နယ်အတွင်း ထွက်ရှိသည့် ကြီးများအား ပဲကြော်ပဲလှော်လုပ်ငန်းများကလည်း ဝယ်ယူခြင်း ကြောင့် နှစ်စဉ်ဈေးကွက်ရှိ၍ တောင်သူများဝင်ငွေရကြောင်း တောင်သူများထံက သိရသည်။

၂၀၁၉-၂၀၂၀ မိုးသီးနှံလျာထားချက်တွင် ပဲကြီးဧက နှစ်ရာနီးပါးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။


ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ