နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂပူမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အင်္ဂပူ မေ ၁

 ဧပြီ ၂၉ ရက်၊ ညနေ ၆ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်ကောက်မြောက်ကျေးရွာနေ သန်းမင်းထိုက်(၄၂)နှစ်မောင်းနှင်ပြီး မောင်ထွေး(ခ)မောင်ရင်ထွေး(၄၅)နှစ်နှင့် ရဲထက်အောင်(၂၀)နှစ်ပါ ကျား ၇ ဦးတို့ လိုက်ပါလာသော ၁ခ/----- TE-11 (၆)ဘီးယာဉ်သည် တလုတ်ကုန်းကျေးရွာဘက်မှ မြန်အောင် တိုးချဲ့သစ်တောကြိုးဝိုင်းဘက်သို့ သစ်ထုတ်လုပ်ရေး လမ်းဟောင်းအတိုင်း မောင်းနှင်လာစဉ် အင်္ဂပူမြို့နယ်၊ သစ်တောကြိုးဝိုင်းအကွက်အမှတ်(၇၂)အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ကမ်းပါးရံအား တိုက်မိတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း သန်းမင်းထိုက်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် မောင်ထွေး(ခ)မောင်ရင်ထွေးပါ ၄ ဦးတို့တွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ခုံး/ယာပါးချိုင့်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ရဲထက်အောင်ပါ ၃ ဦးတို့တွင် ယာမျက်လုံး၊ နားထင်၊ ခြေသလုံး ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကာ ဧပြီလ ၃၀ ရက်၊ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ယာဉ်မောင်း သန်းမင်းထိုက်(ဖမ်းမမိ)အား ကွင်းကောက် နယ်မြေရဲစခန်း ယာဉ်(ပ) ၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်နာကျင်စေမှု၊ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ