နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံရှိ ဟင်းသီးဟင်းရွက်များ ဝယ်ယူလိုကြောင်း ပြည်ပနိုင်ငံများမှ တောင်းဆို

ရန်ကုန်၊  နိုဝင်ဘာ  ၈

မြန်မာနိုင်ငံရှိ ဟင်းသီးဟင်းရွက်များ ဝယ်ယူလိုကြောင်း ပြည်ပနိုင်ငံများမှ တောင်းဆိုမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်များကို ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရသော်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်တွင် အချိန်အကန့်အသတ်ရှိလာပြီး ကုန်ပစ္စည်းများ မပျက်စီးဘဲ တင်ပို့နိုင်ရေး လိုအပ်လျက်ရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်တွင် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်မှသာ ဟင်းသီးဟင်းရွက်များ ဆုံးရှုံးပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်ပြီး အစားအစာ ဘေးကင်းလုံခြုံရေးအတွက်လည်း နည်းပညာအခက်အခဲနှင့် ကျွမ်းကျင်သည့် လုပ်သားများ လိုအပ်မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၇၂၅ ဒသမ ၄၃၃ သန်း ရှိခဲ့ကြောင်း သိရသည်။

(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ