နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တားမြစ်ဆေးသုံးစွဲမှု မှားယွင်းအစွပ်စွဲခံရတဲ့ ဆာခိုတောင်းပန်ခံရမှုနဲ့အတူ နစ်နာကြေးပါရရှိ

နိုဝင်ဘာ  ၈

၂၀၁၆ ခုနှစ်တုန်းက လီဗာပူးကစားသမား အသက် ၃၀ နှစ်ရှိ ဆာခိုဟာ တားမြစ်ဆေးသုံးစွဲမှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရကာ လီဗာပူးကစားသမားဘဝပါ နိဂုံးချုပ်ခဲ့ရပါတယ်။ ဆာခိုဟာ ၂၀၁၅−၂၀၁၆ ရာသီ မတ်လအတွင်းမှာ မန်ယူနဲ့ လိဂ်ပွဲကစားအပြီးမှာ ပိန်ဆေးဟီဂီနာမိန်းသုံးစွဲခဲ့တာကြောင့် အစစ်ဆေးခံခဲ့ရပါတယ်။ UEFA ကလည်း စစ်ဆေးနေစဉ်အတွင်း ဘောလုံးမကစားဖို့ သဘောတူညီခဲ့တာကြောင့် ယူရိုပါလိဂ်နဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲတွေကိုပါ လွဲချော်ရမယ့် ရက် ၃၀ ကျော်ကြာ ပိတ်ပင်ခံခဲ့ရပါတယ်။ ဇူလိုင်လမှာ UEFA က ဆာခိုဟာ အမှားအယွင်း တစ်စုံတစ်ရာမလုပ်ကြောင်း ကြေညာခဲ့ပေမယ့် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ WADA က လက်မခံခဲ့တာကြောင့် ဆာခိုဟာ လီဗာပူးမှာ ပွဲမကစားရတော့ဘဲ ၂၀၁၇ ခုနှစ်မှာ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကတော့ ပဲလေ့စ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဆာခိုဟာ စွပ်စွဲခံရတဲ့အမှုမှာ သူ တစ်စုံတစ်ရာအမှားအယွင်းမရှိကြောင်း ရှင်းလင်းနိုင်ရေး လေးနှစ်ကြာ ကြိုးပမ်းလာခဲ့ရာ အောင်မြင်မှုရရှိခဲ့တာကြောင့် WADA ရဲ့ တရားဝင်တောင်းပန်မှုနဲ့အတူ နစ်နာကြေးများပါရရှိမှာဖြစ်ပါတယ်။ ဆာခိုက WADA ထံကနေ နစ်နာကြေး ပေါင် ၁၃ သန်း တောင်းဆိုထားတာပါ။ ယခု သဘောတူညီမှုရရှိခဲ့ပေမယ့် ပမာဏကိုတော့ မကြေညာထားပါဘူး။
WADA ရဲ့ ရှေ့နေက “ဆာခိုဟာ ဥပဒေကို မချိုးဖောက်ပါဘူး။ မသမာမှုလည်း မလုပ်ပါဘူး၊ ဘာအခွင့်အရေးမှ လည်း မယူပါဘူး။ ဒါကြောင့် ဆာခိုရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ပိုင်းနစ်နာပျက်စီးမှုအတွက် WADA က နစ်နာကြေး ပေးဖို့ သဘောတူပါတယ်”လို့ ပြောခဲ့ပါတယ်။                           

 (SO)






အခြားဆက်စပ်သတင်းများ