နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေမာနှင့် အမ်ဘတ်ပေကို လက်ရွေးစင်အသင်းများကခေါ်ယူမှုနှင့်ပတ်သက်၍ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ် ဒေါသထွက်နေ

နိုဝင်ဘာ  ၈

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် အမ်ဘတ်ပေတို့သည် ဒဏ်ရာကြောင့် အနားယူ နေရသော်လည်း လက်ရွေးစင်အသင်းများကခေါ်ယူခဲ့ခြင်းကြောင့် ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ် က ဒေါသထွက်နေကြောင်း သိရသည်။
နေမာနှင့်  အမ်ဘတ်ပီတို့သည် ဒဏ်ရာကြောင့် အနားယူနေရသည့်အခြေအနေတွင် ဘရာဇီးအသင်း နည်းပြနှင့် ပြင်သစ်အသင်းနည်းပြတို့က ခေါ်ယူခဲ့ခြင်းမှာ မပြုလုပ်သင့်သည့်လုပ်ရပ်ဖြစ်ကြောင်း နည်းပြ တူချယ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် အသင်းမှ အဓိကကစားသမားအချို့ကို လက်လွှတ်ထားရသည့်အချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ခဲ့ရပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရေးအတွက် ရုန်းကန်ရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

နေမာနှင့် အမ်ဘတ်ပီမပါဝင်သည့် ပီအက်စ်ဂျီအသင်း၏ တိုက်စစ်ပိုင်းမှာလည်း အားနည်းလျက်ရှိပြီး အသင်းအနေဖြင့် ရလဒ်ဆိုးရွားမှုများဖြင့် ရင်ဆိုင်နေရသည်။   

(သူရိန်)






အခြားဆက်စပ်သတင်းများ