နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးရဲ့ ပင်တိုင်ပင်နယ်တီကန်သွင်းသူ ဂျော်ဂျင်ဟိုနေရာကို ဝါနာနဲ့ အစားထိုးလိုက်ပြီ

နိုဝင်ဘာ  ၈

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂန်းနက်စ်အသင်းကို ချဲလ်ဆီးတို့ ၃−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီ ၂ လုံးစလုံးကို ဝါနာက ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဝါနာဟာ ချဲလ်ဆီးအတွက် ပင်နယ်တီသုံးကြိမ်စလုံးကို ဂိုးရအောင် ကန်သွင်းနိုင်ခဲ့သူပါ။ ယခင်က ချဲလ်ဆီးရဲ့ ပင်နယ်တီကန်သွင်းသူ ပင်တိုင်အဖြစ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုပဲဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာ နောက်ဆုံးကန်သွင်းတဲ့ ပင်နယ်တီ လွဲချော်မှုရှိလာတာကြောင့် နည်းပြလမ်းပတ်က ဝါနာကို ပြောင်းလဲကန်စေခဲ့တာပဲဖြစ်ပါတယ်။ ရန်းနက်စ်နဲ့ ပွဲမှာ ပွဲချိန် ၁၀ မိနစ်နဲ့ ၄၀ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို ဝါနာကို ကန်ခိုင်းခဲ့ပါတယ်။ ၅၁ မိနစ်မှာ အေဖရာဟမ်က တစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် ချဲလ်ဆီးတို့ ၃−၀ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲကစပြီး ပင်နယ်တီကို ဝါနာသာ ကန်သွင်းရမယ်လို့ နည်းပြလမ်းပတ်က ပြောဆိုခဲ့ပါတယ်။
 
လမ်းပတ်က “ပထမဦးဆုံး ကျွန်တော်ဂျော်ဂျင်ဟိုနဲ့ စကားပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ သူ့ကစားသမားဘဝ ပင်နယ်တီကန်သွင်းရာမှာ ထူးချွန်လို့ပါ။ ဒါပေမယ့် လတ်တလောမှာ သူ လွဲချော်မှု တွေ များလာပါတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်ရမယ့်အချိန်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒီတော့ ဒီဆုံးဖြတ်ချက်ကို သူက အဆင်ပြေပါတယ်။ ဝါနာကလည်း ရန်းနက်စ်နဲ့ပွဲမှာ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သွင်းဂိုးတွေရတာကို ပျော် ရွှင်သလို အသင်းမှာ ပင်နယ်တီကို ကောင်းစွာ ကန်သွင်းနိုင်သူရှိနေတာ ကျေနပ်မိပါတယ်။ အခုတော့ ဝါနာဟာ အသင်းရဲ့အဓိက  ပင်နယ်တီကန်သွင်းသူပဲ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။                          

(SO)






အခြားဆက်စပ်သတင်းများ