နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကြေးအများအပြားမမြှုပ်နှံပေမယ့် အလုပ်တွေအများအပြားမြှုပ်နှံခဲ့လို့ အောင်မြင်လာတဲ့ ဆောက်သမ်တန်

နိုဝင်ဘာ  ၈

ဆောက်သမ်တန်အသင်းဟာ ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက်နိုင်ပွဲရခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ အခုရာသီ ပရီးမီးယားလိဂ်ပွဲမှာ ခြေစွမ်းပြနေ ပါတယ်။ သောကြာနေ့နံနက်က ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားရာမှာ ဆောက်သမ်တန်တို့က ၂−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်  ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို တစ်ပွဲအသာနဲ့ ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်တို့ ပရီးမီး ယားလိဂ်မှာ ၈ ပွဲကစားပြီး ၅ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်နဲ့ ၁၆ မှတ်ရရှိထားပါတယ်။ ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ရာသီက လက်စတာ အသင်းကို ၉−၀ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် နည်းပြဟာဆန်ဟူသယ်လ် ထုတ်ပယ်ခံရဖို့  နီးစပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပုံစံကောင်းတွေပြန်ရလာခဲ့လို့ အခုလို ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာပါ။


ဟာဆန်ဟူသယ်လ်က “အလွန်ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ဟာ ငွေကြေးအများအပြားရင်းနှီးမြှုပ်နှံလို့ တိုးတက်လာတာမဟုတ်ပေမယ့် အလုပ်တွေနဲ့ ရင်းနှီးမြုပ်နှံခဲ့လို့ အခုလို တိုးတက်လာတာပါ။ လွန်ခဲ့တဲ့ ၂ လ ၃ လထဲက ကျွန်တော်တို့ရလဒ်ကောင်းအချို့ ရရှိခဲ့ပါတယ်။ လူတိုင်း အမြင့်ဆုံးအဆင့်မှာရှိနေချင်ကြပါတယ်။ ကျွန်တော်တို့လုပ်နေတာတွေက နည်းနည်းတော့ ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က အလုပ်လုပ်နေလို့ပါပဲ”လို့ ပြောခဲ့ပါတယ်။   
                                                                             (SO)






အခြားဆက်စပ်သတင်းများ