နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိပေးကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန အနေဖြင့် ရန်ကုန် မြို့တော်ရှိ ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများကို အပတ်စဉ်(တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)နေ့ များတွင် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ OSS ခန်းမအတွင်း၌ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂။ လက်ရှိအခြေအနေ၌ မြန်မာပြည်တစ်ဝှမ်းလုံးတွင် Coronavirus Disese 2019 (COVID-19) ရောဂါ သည် စောင့်ကြပ်ကြည့်ရှုမှုအခြေအနေတွင်ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားရှိသဖြင့် မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများကို ၂၅-၃-၂၀၂၀ ရက်နေ့မှစ၍ မြို့နယ်(၂၈)မြို့နယ် အား Online မှလျှောက်ထားရန် ၊Online မရရှိသည့် မြို့နယ်(၅)မြို့နယ်အား အပတ်စဉ်ရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့ ရုံးဖွင့်ရက်တွင် နံနက်(၁၀:၀၀) နာရီမှ နေ့လည်(၁၄:၀၀)နာရီအထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် လျှောက်ထားပြီးဖြစ်သော မြေစီမံမှုများ၏ ခွင့်ပြုထုတ်ယူရန် ကိစ္စရပ်များကိုလည်း အပတ်စဉ်ရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့ ရုံးဖွင့်ရက်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၅-၃-၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ ၃။ သို့သော်လည်း ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများ လျော့နည်းလာမှုမရှိဘဲ ပိုမိုများပြားစွာ လျှောက်ထားလာမှုရှိခြင်းကြောင့် နိုင်ငံတော်သမ္မတရုံး၏ ၂၅-၃-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၁၅၈(၁)/၈/သမ္မတရုံး ၏ Coronavirus (COVID-19)ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်နာဆောင်ရွက်ရန်ကိစ္စအကြောင်းကြားစာအရ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့၊ မြို့ပြမြေစီမံခန့်ခွဲမှု၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် ကိစ္စရပ်များအား၃၀-၄-၂၀၂၀ ရက်နေ့ထိ ခေတ္တရပ်ဆိုင်း သွားမည်ဖြစ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်နေပြည်သူများအနေဖြင့် COVID-19 ကြိုတင်ကာကွယ်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုအလို့ငှာ အထက်ပါမြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များအား ခေတ္တရပ်ဆိုင်းမှုအပေါ် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။ . ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ . မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန






အခြားဆက်စပ်သတင်းများ