မန္တလေး နိုဝင်ဘာ ၈ ရက်
မန္တလေးတိုင်းဒေသကြီးတွင် မြန်မာ့ထွက်ကုန် မန်ကျဉ်းများကို သုံးနှစ်တာကာလအတွင်း ပြည်ပနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ၀ယ်လိုအား အလွန်များပြားလာပြီး အမြင့်ဆုံး စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးပွဲရုံတစ်ခုက သိရသည်။
အဆိုပါ မန်ကျည်းစျေးနှုန်းများသည် ပေါ်ဦးပေါ်ဖျား အောက်တိုဘာလတွင် မန်ကျည်းစေ့ပါ တစ်ပိဿာ လျှင် ငွေကျပ် ၁၂၅၀ နှုန်း၊ အစေ့ပါ တစ်ပိဿာ ငွေကျပ် ၂၀၀၀ နှုန်း၊ အစေ့လွတ် တစ်ပိဿာ ငွေကျပ် ၂၇၀၀ နှုန်းထိရှိပြီး၊ နိုဝင်ဘာလ၌ မန်ကျည်းအစေ့ပါ တစ်ပိဿာ ငွေကျပ် ၂၈၀၀ နှုန်း၊ အစေ့လွတ် တစ်ပိဿာ ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ပေါက်စျေးရှိနေခဲ့ကြောင်း သိရသည်။
လက်ရှိ မန္တလေးပွဲရုံတစ်ခုတွင် မန်ကျည်းစျေးကွက် လက်ကျန်နည်းပါးနေသည့်အတွက် စျေးနှုန်းထပ် တက်ရန် အလားအလာရှိနေကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်