နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းဝင်သွားတဲ့ ဟာရီကိန်း

နိုဝင်ဘာ ၇


စပါးအသင်းရဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာရီကိန်းဟာ လူဒိုဂရက်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့တာကြောင့် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀၀ မြောက်ပွဲ ဖြစ်သလို အသင်းအတွက်လည်း သွင်းဂိုး ၂၀၀ ပြည့်ခဲ့တာကြောင့် စပါးအသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပါးအသင်းက လူဒိုဂရက် အသင်းကို ၁−၃ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ဟာရီကိန်းဟာ စပါးရဲ့သွင်းဂိုးအများဆုံး ဒုတိယနေရာက ဘော်ဒီစမစ်နဲ့ ၈ ဂိုး၊ ပထမနေရာက ဂျင်မီနဲ့ ၆၆ ဂိုး အကွာမှာရှိနေပါတယ်။ ဟာရီကိန်းအနေနဲ့ နောက်ထပ် ၂ ရာသီလောက် စပါးမှာဆက်ကစားရရင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာနိုင်ပါတယ်။ ဟာရီကိန်းက “အဲဒီစံချိန်တွေ ကျွန်တော်က ခေါင်းထဲထည့်မထားပါဘူး။ စံချိန်တောင် ကျွန်တော်ချိုးဖျက်နိုင်ခဲ့လားဆိုတာက ခင်ဗျားတို့အသိပေးရမယ့်ကိစ္စပါ။ စံချိန်မှတ်တမ်းသစ်ရတာ အရမ်းကောင်းပါတယ်။ အဲဒီအရာတွေက ကစားသမားအဖြစ် ကစားနေချိန်ရယူဖို့ခက်တဲ့အရာတွေပါ။ အချိန်တွေကုန်သွားတာ အရမ်းမြန်ပါတယ်ဗျာ။ စပါးအသင်းအတွက် ပထမဆုံးဂိုးသွင်းပေးခဲ့တာ မနေ့တစ်နေ့ကလိုပါပဲ။ အသင်းအတွက် ဂိုး ၂၀၀ ပြည့်သွင်းနိုင်ခဲ့တာက ကောင်းမွန်တဲ့ဆုလဒ်ပါ။ ဒါပေမယ့် ဒီရာသီအဆုံးသတ်ဖို့ ကျွန်တော်တို့လအနည်းငယ်ကြိုးစားရဦးမှာပါ။ သွင်းဂိုးတွေလည်း ဆက်လက်ရရှိနေမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ