နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတိုင်းဒေသကြီးတွင် ကောက်စောစပါးများထွက်ရှိနေပြီဖြစ်သဖြင့် ဈေးကွက်လှုပ်ရှားနေ

ရန်ကုန်  နိုဝင်ဘာ ၇


ဧရာဝတီတိုင်းဒေသကြီးတွင် ကောက်စောစပါးများထွက်ရှိနေပြီဖြစ်သဖြင့် ဈေးကွက်လှုပ်ရှား နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၏ ဧရာကုန်သွယ်မှုဗဟိုဌာန၏ သတင်းများအရ သိရသည်။ 

နိုဝင်ဘာလဆန်းမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကောက်စောစပါး များရိတ်သိမ်းပြီး မြို့နယ်အများစုတွင် ခြွေလှေ့ပြီးစီးဖြစ်သဖြင့် ဈေးကွက်များ လှုပ်ရှားလာခဲ့ခြင်းဖြစ် သည်။ တိုင်းဒေသကြီးအတွင်း စပါးဈေးကွက်များလှုပ်ရှားလာနေသော်လည်း ဈေးနှုန်းနှင့်ဝယ်ယူမှုများမှာ မြို့နယ်အလိုက်ကွာခြားမှုရှိနေသည်။ အဆိုပါစပါးများကို ဒေသတွင်းဆန်စက်များမှ စက်ရုံအရောက် ဈေးနှုန်းများဖြင့် ဝယ်ယူနေကြခြင်းဖြစ်သည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များတွင် စပါးအစို ၅၀ ပေါင် တင်းတစ်ရာလျှင် ဆန်စက်အရောက် ၄၈၀ဝ၀ဝ ကျပ်၊ ၄၆ ပေါင်စပါးအခြောက်တင်းတစ်ရာလျှင်  ၅၃၀ဝ၀ဝ ကျပ်၊ ဟင်္သာတမြို့နယ်တွင် ၅၅ ပေါင်စပါးအခြောက်ခံပြီး ဈေးနှုန်း ကျပ် ၅၁၀ဝ၀ဝ မြောင်းမြခရိုင်အတွင်းရှိ အချို့မြို့နယ်များတွင် ဒေသအခေါ်ကွင်းဈေးအစိုပေါင် ၅၀ တင်းတစ်ရာလျှင် ၆၂၀ဝ၀ဝ ကျပ်၊ အခြောက်ခံပြီး စပါး ၅၅ ပေါင်းတင်းတစ်ရာကို ၅၈၀ဝ၀ဝ ကျပ်၊ ၄၆ ပေါင်အခြောက်တင်းတစ်ရာကို ၅၃၀ဝ၀ဝ ကျပ်၊  မအူပင်မြို့နယ်တွင် အခြောက်ခံပြီးကွင်းဈေး ကျပ် ၅၀ဝ၀ဝဝ ကျပ်နှင့် ဆန်စက်အရောက်ဈေးနှုန်း ၅၄၀ဝ၀ဝ၊ ဖျာပုံခရိုင်ရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ဆန်စက်အရောက် ၆၁၀ဝ၀ဝ ကျပ်မှ ၆၃၀ဝ၀ဝ ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ 

ယခုရက်တွင် ရာသီဥတုမကောင်းသဖြင့် စပါးရိတ်သိမ်းမှုအခက်အခဲရှိနေပြီး ဈေးကွက်သို့အနည်းငယ် သာရောက်နေပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် လာရောက်ဝယ်ယူမှုများ ရှိနေသည်ဟုဆိုသည်။ လက်ရှိဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်း ကာလများတွင် ရာသီဥတုမကောင်းသဖြင့် စပါးများအခြောက်လှန်းရန် အခက်အခဲရှိနေခြင်း၊ ကိုဗစ်ရောဂါဖြစ်စဉ်များကြောင့်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေခြင်း၊ စပါးဝယ်ယူပြီးကြိတ်ခွဲအင်အားနည်းပါးနေခြင်း စသည့်အခြေအနေ များကြောင့် ဆန်စက်များမှဝယ်ယူကြိတ်ခွဲထားသောဆန်များကို ဈေးကွက်သို့ရောင်းချနိုင်ခြင်းမရှိသေးသဖြင့် စပါးဈေးနှုန်းမှာ အတက်အကျမရှိ တည်ငြိမ်နေကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ