နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာ၌ ပလတ်စတစ်ဘီးများဝင်ရောက်ခြင်းကြောင့် အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ဘီးကိုလုပ်ကိုင်သူနည်းပါးနေ

ရေနံချောင်း  နိုဝင်ဘာ ၇


အညာဒေသ၌ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သည့် သစ်သားဘီးတစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသော်လည်း လက်ရှိလုပ်ကိုင်သူနည်းပါးလျက်ရှိကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

"သစ်သားဘီးကိုဒဟတ်သားနှင့်ပြုလုပ်ရပြီး ဒဟတ်သားတစ်ပေတစ်တုံးလျှင် ဘီးသုံးဆယ်အထိ ထွက်ရှိကာ လူတစ်ဦးလျှင် ဘီးအခုရေ ၁၀ ခုကနေ ၁၉ ခုအထိရရှိသည့်အပြင် ဘီးတစ်ခုကို ကျပ် ၅၀ဝ ကနေ ကျပ် ၇၀ဝ ရောင်းရ၍ မိသားစုဝင်ငွေရရှိကြောင်း ရေနံချောင်းမြို့နယ်မှ ဘီးပြုလုပ်သည့် အမျိူးသားတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်၌ထွက်ရှိသည့် ဒဟတ်ပင်ကိုအသုံးပြုရသောကြောင့် မိသားစုဝင်ငွေရသည့် အိမ်တွင်းမှု လုပ်ငန်းတစ်မျိုးဖြစ်သည်။

အမျိုးသားအမျိုးသမီးများ၏ ဦးခေါင်းရှိဆံပင်ဖီးရာတွင်အသုံးပြုသည့် သစ်သားဘီးကို ယခုအခါ ဈေးကွက်အတွင်း ပလတ်စတစ်ဘီးများ တွင်ကျယ်စွာဝင်ရောက်လာသောကြောင့် သစ်သားဖြင့်ပြုလုပ်သည့် ဘီးမှာ ဈေးကွက်ဝေစုနည်းပါးသွားပြီး လုပ်ကိုင်သူနည်းပါးလာကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ