နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်သွန်နီဈေးနှုန်းသည် ယခင်နှစ်ကာလတူထက် ထက်ဝက်ဝန်းကျင်သာရှိ‌နေဆဲ

ရန်ကုန်  နိုဝင်ဘာ ၆


၂၀၂၀ နိုဝင်ဘာ ၆ ရက် ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဆိပ်ဖြူအမျိုးအစားလက်ကား တစ်ပိဿာဈေးနှုန်းမှာ ၈၀၀-၉၅၀-၉၅၀-၁၀၀၀ ကျပ်နှုန်းရှိပြီး ပွဲရုံအချို့တွင်မူ ၈၀၀-၉၂၅-၉၂၅-၉၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်ဟု ရေတမါလမ်းအတွင်းပွဲရုံအချို့မှ သိရသည်။

ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၉ နိုဝင်ဘာ ၆ ရက်တွင်မူ ကြက်သွန်နီလက်ကား တစ်ပိဿာ ရောင်းဈေးမှာ ၁၃၀၀-၂၀၀၀-၂၂၀၀-၂၃၀၀ ကျပ်နှုန်း ရှိခဲ့ကြောင်း ဈေးနှုန်းဟောင်းများမှ သိရသည်။

သို့ဖြစ်ရာ ယခုနှစ်နိုဝင်ဘာ ၆ ရက် ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းသည် ယခင်နှစ်ကာလ တူ ဈေးနှုန်း၏ထက်ဝက်ထက်ဈေးနည်းနေသေးသည်ဟု သိရသည်။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်နှစ်ကဲ့သို့ယင်းပြည်တွင်းစားသုံးရန်လိုအပ်ချက်များနေသေး သော်လည်း ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်နေရဆဲဖြစ်၍ မြန်မာနိုင်ငံ မှ ကြက်သွန်နီများကို ကားလမ်းမှတစ်ဆင့်နယ်စပ်ကုန်သွယ်ရေးစခန်းအထိ တင်ပို့နိုင်သော်လည်းတစ်ဖက် နိုင်ငံသို့တင်ပို့၍ မရသေးဟု သိရသည်။

ပင်လယ်‌ရေကြောင်းခရီးဖြင့် တင်ပို့ရာတွင် လမ်းခရီးတွင်ရက်ကြာမြင့်ခြင်း၊ ကုန်သေတ္တာများဖြင့် တင်ပို့ရခြင်းများ‌ကြောင့် ကြက်သွန်အပျက်အစီးအချို့ရှိလာ၍ တင်ပို့မှုများပြားခြင်းမရှိဟု သိရသည်။

ရန်ကုန်‌ဈေးကွက်အတွင်း‌ အောက်တိုဘာ ၂ ရက်တွင် ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးနှုန်း ၈၀၀-၁၂၀၀-၁၂၅၀-၁၂၅၀ ကျပ်နှုန်းရှိရာမှ ‌အောက်တိုဘာ ၁၇ ရက်တွင် ၇၀၀-၈၅၀-၉၅၀-၉၅၀ ကျပ်နှုန်းသို့ ဈေးကျလာသည်။‌ အောက်တိုဘာ ၂၃ ရက်တွင် ၇၀၀-၈၀၀-၉၀၀-၉၀၀ ကျပ်နှုန်းသို့ ထပ်မံ‌ဈေးကျဆင်းလာပြီး နိုဝင်ဘာ ၄ ရက်တွင် ၈၀၀-၉၇၅-၁၀၀၀-၁၀၀၀ ကျပ်နှုန်ူသို့ ဈေးပြန်လည်မြင့်တက်လာသည်။

ရန်ကုန်‌ဈေးကွက်သို့ ကြက်သွန်နီဝင်‌ရောက်မှုမှာ နေ့စဉ်ပျှမ်းမျှပိဿာချိန် ၁၅၀၀၀၀  ဝန်းကျင်ဝင်‌ရောက် သော်လည်း ယခုလပိုင်းတွင် ပျှမ်းမျှတစ်ရက်လျှင်ပိဿာချိန် ၁၀၀၀၀၀ ဝန်းကျင်သာ ဝင်‌ရောက်မှုရှိသည်ဟု ဈေးကွက်မှ သိရသည်။

အလားတူ ပခုက္ကူဈေးကွက်အတွင်း‌ အောက်က်တိုဘာ ၂၇ ရက်တွင် တစ်ပိဿာအမြင့်ဆုံးဈေးများ အဖြစ် ၇၄၅ ကျပ်‌ အောက်တိုဘာ ၂၉ ရက်တွင် ၈၀၀ ကျပ်နှုန်း နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ၈၇၅ ကျပ်နှုန်း နိုဝင်ဘာ ၅ ရက်တွင် ၈၀၀ ကျပ်နှုန်း အသီးသီးရှိခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင်မူ ယောစ ၇၇၅ ကျပ် ပုလဲစ ၇၂၅ ကျပ်နှုန်းသာရှိသည်ဟု ယင်းနယ်ဈေးကွက်‌ဈေးနှုန်းသတင်းများအရ သိရသည်။

ရန်ကုန်လက်လီဈေးကွက်အတွင်း တစ်ပိဿာ ၁၄၀၀ ကျပ်နှုန်းဖြင့် ယခင်လအတွင်း ဝယ်ယူခဲ့ရသော် လည်း ယခုရက်ပိုင်းတွင် ၁၂၀၀ ကျပ်ဖြင့် ဝယ်ယူရသည်ဟု ပုဇွန်တောင်မြို့နယ်နေအိမ်ရှင်မတစ်ဦးကဆို သည်။

၂၀၂၀ နှစ်ထွက် နွေကြက်သွန်သည် အထွက်များပြီး ပြည်တွင်းဈေးကွက်တွင်သာ အဓိကထားရောင်းချ နေရသဖြင့် ဈေးနှုန်းမြင့်တက်လာမှုနည်းနေဆဲဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာပါက ပြည်တွင်းကြက်သွန်နီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပိုနိုင်မည်ဖြစ်ရာ ပြည်တွင်းကြက်သွန်နီဈေးနှုန်း မြင့်တက်လာနိုင်သည်ဟု နယ်ကြက်သွန်နီလုပ်ငန်း လုပ်ကိုင်သူများက မျှော်လင့်ပြောဆိုနေသည်ဟု သိရသည်။ မိုးစိုက်ကြက်သွန်နီ အသစ်များသည် ပုံမှန်အားဖြင့် ဒီဇင်ဘာလအတွင်း ရန်ကုန်ဈေးကွက်သို့ဝင်ရောက်မှုရှိသည်။

အနောက်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ဖွင့်နိုင်မှုအလားအလာပေါ်မူတည်၍ ပြည်တွင်းကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာနိုင်မှုကို ကြက်သွန်နီလက်ဝယ်ရှိသုများအနေဖြင့် မျှော်လင့်မှုရှိနေကြသည်ဟု သိရသည်။

မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ