နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသုံးစွဲသူ မိဘပြည်သူများသို့

ရန်ကုန်  ဧပြီ  ၃၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့ အနေဖြင့် နေ့စဉ် ရန်ကုန်မြို့သို့ ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်ကြီးများ ငမိုးရိပ်ရေသန့်စင် စက်ရုံ၊ လဂွန်းပြင်ရေသန့်စင်စက်ရုံနှင့် အဝီစိတွင်းများမှ လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရေပေးဝေလျက်ရှိရာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဧပြီလကုန်နှင့် မေလဆန်းရက်များတွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပါသဖြင့် မိုးသက်လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး သစ်ပင်သစ်ကိုင်းများ လဲကျ၊ ကျိုးကျခြင်းများကြောင့် လျှပ်စစ်မီး ပြတ်တောက်ပါက ရေပေးဝေမှု ပြတ်တောက်နိုင်ပါသဖြင့် မုန်တိုင်းမဝင်ရောက်မီ သောက်သုံးရေ ကြိုတင်စုဆောင်းနိုင်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ