နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်သားမြို့နယ်၌ အမျိုးသမီးနှစ်ဦးစကားများရန်ဖြစ်ရာမှ သားဖြစ်သူမှ ထင်းချောင်ဖြင့်ကောက်ရိုက်ရာ တစ်ဖက်အမျိုးသမီးသေဆုံး

မြစ်သား ဧပြီ ၃၀

ဧပြီ ၂၉ ရက်၊ ညနေ ၅ နာရီခွဲ အချိန် မြစ်သားမြို့နယ်၊ ကူမဲမြို့၊ အောင်ချမ်းသာ ရပ်ကွက်နေ ဒေါ်အေးမြင့်(၅၀)နှစ်သည် သမီးဖြစ်သူ မသင်္ကြန်မိုး(၁၈)နှစ်အား ကျော်သက်ပိုင်(၂၃)နှစ်မှ လက်ဆွဲသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်း၏နေအိမ်အနီး၌ ကျော်သက်ပိုင်၏ မိခင်ဒေါ်ဇာခြည်(၄၄)နှစ်နှင့် စကားများရန်ဖြစ်နေစဉ် ကျော်သက်ပိုင်မှ ဒေါ်အေးမြင့်အား ထင်းချောင်းဖြင့် ရိုက်နှက်မှုကြောင့် ဒေါ်အေးမြင့်တွင် နဖူး/နားထင်/နှာခေါင်း ပေါက်ပြဲချိုင့်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် ကူမဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျော်သက်ပိုင်နှင့် ဒေါ်ဇာခြည်တို့ ၂ ဦး (ဖမ်းမိ)အား ကူမဲနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။             

ဆွေဦး






အခြားဆက်စပ်သတင်းများ