နိုဝင်ဘာ ၃
မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်သည့်နိုင်ငံဖြစ်၏။ မိုးစပါး၊ နွေစပါးကို ကျယ်ပြန့်စွာစိုက်ပျိုးလာ၏။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်းသည့်နေရာများတွင် ဦးစားပေး စိုက်ပျိုးလာ၏။ နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေ ပြည်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာ့လယ်ယာ ကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာနေပြီဖြစ်သည်။
တောင်သူလယ်သမားများ၏ တစ်ပိုင်တစ်နိုင်အလေ့အထအဆင့်မှ ဈေးကွက်ဝင်သီးနှံအမယ်များရွေးချယ်၍ စီးပွားဖြစ်စိုက်ကွင်းများထူထောင်အကောင်အထည်ဖော်သည့် အလေ့အထများကို ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုးစနစ်ဖြင့် စီးပွားဖြစ်သီးနှံအမယ်စိုက်ပျိုးပြီး ဈေးကွက်အရောက် တင်ပို့ရောင်းချသည့်အဆင့်အထိ ပြောင်းလဲဖော်ဆောင်ရပေသည်။ ပြည်တွင်းစားသုံးမှုပိုလျှံသော သီးနှံအမယ်များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေး၊ ပြည်ပဈေးကွက်လိုအပ်ချက် အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက် အချိန်ကိုက် စိုက်ပျိုး ထုတ်လုပ်သော စိုက်ကွင်း စံနမူနာပြ အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။
တောင်သူများသည် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများက အထောက်အပံ့ဖြစ်စေသည်။ ယခင်နှစ်များက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များက စိုက်ပျိုးစရိတ်ချေးငွေများ ကို ထုတ်ချေးပေးခဲ့ရာ တောင်သူလယ်သမားတို့ ဝင်ငွေတိုးပွားစေရေးအတွက် ရာသီသီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးစားစိုက်ပျိုးကြသည်။ ရာသီဥတုအပြောင်းအလဲက မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်များမှ သွေဖည် လာသည့်အခါ ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်သီးနှံများဖြစ်ရေးသည် အရေးပါ လာသည်။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ပြောင်းဖူး၊ အခြားနှံစားသီးနှံနှင့် စက်မှုကုန်ကြမ်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စသည့် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သည်။
မြန်မာ့ရေမြေသည် စိုက်ပျိုးရေးအတွက် အခြေအနေကောင်းများရှိပြီးဖြစ်ရာ ရာသီဥတုပြောင်းလဲမှုကို အန်တုပြီး သင့်တော်သည့် သီးနှံမျိုးနှင့် နည်းစနစ်တို့ကို ပြောင်းလဲစိုက်ပျိုးကြစေချင်ကြောင်း . . . . . ။