နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ကျေးလက်ဖွံ့ဖြိုးရေး ကြိုးပမ်းအားထုတ်စေချင်

ရန်ကုန်၊   နိုဝင်ဘာ  ၁

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး သည် အခြေခံအကျဆုံးဖြစ်သည်။ ကျေးလက်ဒေသများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း ဖော် ဆောင်ရွက်လျက်ရှိသည်။ လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စဉ်များကို အထောက်အကူပြုမည် ဖြစ်ပေသည်။ ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးရေးအစီအမံများ ဆောင်ရွက် လျက်ရှိရာအဓိကအားဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သော စိုက်ပျိုးရေ ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ ရေး၊ ကျေးရွာမီးလင်းရေး၊ ကျေးရွာတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံရန် ကုန်ထုတ်စွမ်းအင် တိုးတက် ကာ လူတစ်ဦးချင်းဝင်ငွေတိုးတက်ရေးစသဖြင့် ဖော်ဆောင်လျက်ရှိသည်။

ကျေးလက်လူငယ်အရင်းအမြစ်များ ထူထောင်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည်ဖြင့် ဘက်ပေါင်းစုံဖွံ့ဖြိုးရေး၊ အစီအမံများကိုလည်း ဖော်ဆောင်လျက်ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ကျေးလက်ဒေသ     ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့်အညီ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရေန် ရည်ရွယ် ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်လျက်ရှိသည်။          မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်သည့် ကျေးလက်တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သန်း ၃၀ မတည်ပေးလျက်ရှိသည်။

ဆင်းရဲနွမ်းပါးသူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့်မကြရန်လိုအပ်ရာ အလုပ်အကိုင်ရရှိရေး သည် အဓိကကျသည်။ မြစိမ်းရောင် ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူဦးရေ ၇ ဒသမ ၆ သန်' အား အကျိုးပြုလျက်ရှိပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ တိုးပွားလာသော ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့နိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်ပြီး အလုပ်လုပ်သော ကြိုးစားသော ကျေးလက်ဒေသများဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ မြင့်မားစေရေး ကြိုးပမ်းအားထုတ်စေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ