နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်သားအား သံတုတ်နှင့်ရိုက်၍ ဆိုင်ကယ်နှင့် ဖုန်းလုယူခဲ့သူများကို ဖမ်းဆီး

မန္တလေး   ဧပြီ    ၃၀

ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်းမှ တာဝန်ပြီးဆုံး၍ ဆိုင်ကယ်စီးပြီးပြန်လာသောရဲတပ်သား တစ်ဦးအား ဧပြီ ၂၆ ရက်၊ ည ၉ နာရီက သံတုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်နှင့် ဖုန်းလုယူမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲတပ်သားကျော်သူဝင်းသည် တာဝန်ပြီးဆုံး၍ ည ၈ နာရီ ၄၅ မိနစ်တွင် အရပ်ဝတ်ဖြင့် ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်းမှ လမ်း ၆၀ နှင့် ၆၂ လမ်းကြား စံပယ်လမ်းရှိ စည်ပင် သာယာရဲတပ်ဖွဲ့ဝန်ထမ်းလိုင်းသို့ ဆိုင်ကယ်စီးပြီး ပြန်လာစဉ် လမ်း ၆၀ နှင့် ငုရွှေဝါလမ်းထောင့်အရောက် ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် ၅ ဦးက သံတုတ်ဖြင့်ရိုက်၍ ယင်း၏ဆိုင်ကယ်နှင့်ဖုန်းကို လုယူထွက်ပြေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူများ အမြန်ဖမ်းဆီးရမိရေး မန္တလေးတိုင်းဒေသကြီး  မှုခင်းအကူရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ဧပြီ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် ပြစ်မှုကျုးလွန်သူ ၅ ဦးအား ပြစ်မှုကျုးလွန်ရာတွင်အသုံးပြုသည့်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိသဖြင့် အမှတ်(၁၁)နယ်မြေ ရဲစခန်းက (ပ)၁၅၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ 

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ