နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမာမြို့၊ နောက်မီးကျေးရွာက ညမထွက်ရဒေသန္တရအမိန့် မလိုက်နာသူ လေးဦးကို ထောင်ဒဏ်တစ်လစီချမှတ်

အမာ   ဧပြီ    ၃၀

ဖျာပုံခရိုင်၊ အမာမြို့ နောက်မီးကျေးရွာတွင်နေထိုင်သည့် ညမထွက်ရအမိန့်မလိုက်နာသူ လေးဦးအား ဖျာပုံမြို့နယ်တရားရုံးမှ ဧပြီ ၂၉ ရက်က အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်၊ ညသန်းခေါင် ၁ နာရီခွဲခန့် အမာနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နောင်နောင်၊ နောက်မီးရဲကင်းမှရဲတပ်ကြပ်ဇော်ထွန်းလင်းနှင့် ရဲတပ်သားနှစ်ဦး၊ နောက်မီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဦးရင်စိန်နှင့် ရပ်ကွက်ရာအိမ်မှူးနှစ်ဦးတို့ပူးပေါင်းအဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် နောက်မီးကျေးရွာ သင်္ချိုင်းရှေ့၌ ဦးစိုးတင်(၅၃)နှစ်၊ (၉)ရပ်ကွက်၊ ဦးအေးနိုင်(၂၉)နှစ်၊ (၅)ရပ်ကွက်၊ ဦးနိုင်စိုး(၃၈)နှစ်၊ (၉)ရပ်ကွက်၊ ဦးကျော်နိုင်ထွန်း(၂၆)နှစ်၊ (၅)ရပ်ကွက် နောက်မီးကျေးရွာနေထိုင်သူများအား တွေ့ရှိ၍မေးမြန်းရာ ကောင်းစွာဖြေဆိုနိုင်ခြင်းမရှိခဲ့ကြောင်း၊ ကူးစက်ရောဂါကာကွယ်ရေးအရ ည ၁၀ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ မည်သူမျှအပြင်မထွက်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်(၂/၂၀၂၀) အား လိုက်နာခြင်းမရှိသည့်အတွက် ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့သည်။

COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ(၁၈၈) အရ အမိန့်မလိုက်နာသူလေးဦးအား အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း  သက်ဆိုင်ရာမှ သိရသည်။        

ဝင်းမြင့်အောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ