နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသတွင် ပြည်တွင်း၊ ပြည်ပ နွားအရောင်းအဝယ်အေးနေ

ရေနံချောင်း အောက်တိုဘာ  ၃၁


အညာဒေသနတ်မောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်တွင် နွားအရောင်းအဝယ် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားအေးလျက်ရှိကြောင်း ဒေသခံနွားမွေးမြူသူနှင့် ပွဲစားမှစုံစမ်းသိရှိရသည်။ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး နွားဝယ်မယ့်ပွဲစားတွေ မဝယ်ကြပြန်ဘူး။ အရင်ကပွဲစားတွေ ခြေချင်းလိမ်အောင်ကျေးရွာ အထိ လိုက်လံဝယ်ကြတယ်။ ဈေးကလည်း နွားတစ်ကောင်ကို နွားအနေအထားကိုမူတည်ပြီး ဝယ်ကြတာပါ။ နွားအရောင်းအဝယ်အေးစက်နေတယ်ဟု ရေနံချောင်းမြို့နယ်မှ နွားပွဲစားတစ်ဦးက ပြောသည်။  အညာဒေသ အထက်ပါ မြို့နယ်ရှိကျေးရွာများတွင် နွားကိုအကောင်ရေဆယ်ကောင်ကနေ အကောင်သုံးဆယ်အထိ မွေးမြူသည့်အပြင် တစ်ပိုင်တနိုင်အဖြစ် လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရန်မွေးမြူကြသည်။

ယခင်နှစ်ကတော့ ပြည်ပကိုပို့တဲ့အတွက် နွားတစ်ကောင်ကျပ် ၁၈ သိန်း၊ ကျပ်သိန်း ၂၀ ရတယ်၊ နွားဈေးကောင်းရတယ်။ ယခုနောက်ပိုင်းမှာ နွားတစ်ကောင်ဈေးနှုန်းပြောဖို့ခက်နေတယ်။ ရောင်းမယ့်သူက လည်း တော်ရုံတန်ရုံဈေးနှင့် မရောင်းနိုင်ဘူးဟု ဒေသခံတောင်သူကိုထွန်းဦးက ပြောသည်။ ယခုနှစ်မှာ ကျွဲ၊ နွားဈေးကောက်လိုင်စင်မှာဆွဲဝယ်သူမရှိသေးကြောင်း ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရ သည်။         ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ