နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အမျက်ဒေါသကို အနိုင်ယူ

ရန်ကုန်၊   အောက်တိုဘာ ၃၀


မျက်မှောက်ကမ္ဘာကြီးသည် ဆုပ်ကပ်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ သိပ္ပံခေတ်သည် တိုးတက်ခဲ့သည်   မှန်သော်လည်းလူတို့၏ကျင့်ဝတ်သိက္ခာစောင့်စည်းမှု အားနည်းခြင်းကြောင့် ရောဂါများ ထူပြောခြင်း၊ စစ်မက် ဖြစ်ပွားခြင်း၊ အစာရေစာရှားပါးခြင်းစသော ဘေးပယောဂများ ကျရောက်လျက်ရှိသည်။ ကျွန်ုပ်တို့လူသားအားလုံး သည် ပုထုဇဉ်များ ဖြစ်ကြရာ အမျက်ဒေါသ၊ အမိုက်မှောင်တရားအနည်းနှင့် အများရှိကြ၏။ အမျက်ဒေါသကို  စွန့်ပယ်နိုင်လျှင် မည်သည့်အခါမှ ဝမ်းမနည်းရဟု လောကနီတိက ဆိုသည်။ အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့်  ဝမ်းနည်းဖွယ်ရာ အဖြာဖြာကို ရှောင်ကြဉ်နိုင်၏။ အမျက်ဒေါသထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင် နိုင်၏။ တစ်နည်းအားဖြင့် မေတ္တာဖြင့် အောင်ရာ၏။ ဤကား သည်းခံခြင်းတရားပင်ဖြစ်၏။ တစ်ဖန်သူ့ကျေးဇူး ကို ပယ်ဖျက်တတ်သည့် စိတ်ဆိုး၊ စိတ်ယုတ်တို့ကို ပယ်စွန့်သောသူအား သူတော်ကောင်းတို့က ချီးမွမ်းကြ ကုန်၏။ လူခပ်သိမ်းတို့၏ ကြမ်းတမ်းသောစကားကို သည်းခံကြကုန်လော့။ ဤသည်းခံခြင်းကို မြင့်မြတ်သော တရားဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏။

ယင်းသို့ဆိုသော် အမျက်ဒေါသကို ထိန်းချုပ်ခြင်းသည် အကောင်းဆုံးရလဒ်ပင် ဖြစ်သည်။ ယနေ့ဖြစ်ပျက် နေသော အကြောင်းတရားများကို လေ့လာကြည့်ပါက အများစုမှာ လောဘ၊ ဒေါသတို့ကြောင့် ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်များ လူသားတို့၏ နာကျင်ခံစားရမှုများ ဖြစ်ပွားရသည်ကို တွေ့ရပေ၏။ အသေအချာ ဆန်းစစ်ကြည့် သော် အမျက်ဒေါသကြောင့်ပင် ဖြစ်သည်။ အမျက်ဒေါသသည် မကောင်းပါ။ ဒေါသသည် အမှားပါတတ်၏။ ထို့ကြောင့် လူသားတိုင်း အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် အမျက်ဒေါသကို အနိုင်ယူနိုင်၏။ အမျက်ဒေါသကို ထိန်းချုပ်နိုင်သောသူကို သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။

မိမိမလိုလားအပ်သော အရာတို့အပေါ် ချုပ်တည်းခြင်းသည်။ ထာဝရပျော်ရွှင်ခြင်းကို ဖြစ်စေ၏။ လောဘ၊  ဒေါသ၊ မောဟမီးတို့ကို မချုပ်တည်းနိုင်ပါက စိတ်လည်းကြမ်း၊ ကိုယ်လည်းကြမ်းပေလိမ့်မည်။ စိတ်ကြမ်းလျှင် ကိုယ်လည်းကြမ်း၏။ စိတ်ထောင်းက ကိုယ်ကြေ၏။ လောဘ၊ ဒေါသ၊ မောဟကင်းစင်ခြင်းသည် စစ်မှန်သော စိတ်ပျိုခြင်းတို့ ဖြစ်အောင်နေထိုင်ခြင်းဖြစ်ပြီး အမျက်ဒေါသကို လျှော့ချနိုင်သဖြင့် ကြီးပွားတိုးတက်ကြကုန်၏။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒ ရှင်ပြည်သူများ မဲပေးကြမည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီ၏မရှိမဖြစ်သော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဒီမိုကရေစီနိုင်ငံသားတိုင်းသည် မိမိတို့၏ ရွေးကောက်ပွဲများကို စောင့်ကြည့်ခြင်းအားဖြင့် ယင်း   ရွေးကောက်ပွဲ၏ ဖြောင့်မတ်မှန်ကုန်မှုကို တည့်မတ်ပေးနိုင်သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းရှိ၊ မရှိ စောင့်ကြည့်ခြင်းအားဖြင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် ပြည်သူများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရလဒ်များအပေါ် ယုံကြည်မှုထားခြင်းဖြင့် လောဘ၊ ဒေါသ၊ သောကဘေးမှ ကင်းဝေးစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ