နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့် နို့ထွက်ပစ္စည်းများ တိုးမြှင့်စားသုံးရေး

အောက်တိုဘာ   ၂၉


ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီး အများဆုံးလုပ်ငန်းပင်ဖြစ်သည်။ ကျေးလက်ဒေသနေ တောင်သူလယ်သမားအများစုသည် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ပေသည်။ ယင်းသို့ဆောင်ရွက် ခြင်းဖြင့် နှစ်စဉ်တင်သွင်းနေရသော နို့နှင့်နို့ထွက်ပစ္စည်းများ လျော့နည်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ ဗီတာမင်ချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင်ဘီဝမ်းချို့တဲ့(ဘယ်ရီဘယ်ရီ)ရောဂါတို့ဖြစ်ကြသည်။

ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စုသုံးခုမှ ပါဝင်သည့် အစားအစာများကို မျှတစွာ စားသုံးရန် လိုအပ်သည်။ နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မာထွားကျိုင်း ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်လူရွယ်များ အဖြစ် ရောက်ရှိစေမည်ဖြစ်သည်။ နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များပါဝင်သကဲ့သို့ အမိုင်နိုအက်ဆစ် ၁၈ မျိုး ပါဝင်ကြောင်း သိရသည်။

သို့ဖြစ်ရာ အနာဂတ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော မြန်မာလူမျိုးဖြစ်ရေး၊ အာဟာရဓာတ်ပြည့်ဝသော နွားနို့ သောက်သုံးခြင်းအလေ့ဖြစ်ရေး အာဟာရမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများလိုအပ်သည်။ နိုင်ငံ၏ တိုးတက် လာသည့် လူဦးရေအတွက် အသား၊ နို့၊ ဥ စသော အသားဓာတ်များ ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရန် မြန်မာ့ မွေးမြူရေးကဏ္ဍအနေဖြင့် စွမ်းအားရှိသော်လည်း တစ်ပိုင်တစ်နိုင်မွေးမြူရေးစနစ်ကိုသာ ကျင့်သုံးနေလျက်ရှိရာ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် တိုးချဲ့မွေးမြူလာစေရန်၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် GAHP ကျင့်သုံးစေခြင်း၊ သုတေသနအခြေခံသော နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုရာခိုင်နှုန်းများနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က အသိပေးကြေညာချက်များ ထုတ်ပြန်ထားရာ သက်ဆိုင်ရာဌာန၏ အာဟာရဖွံ့ဖြိုးရေး အသိပညာပေး နှိုးဆော်ချက်များအတိုင်း လိုက်နာကျင့်သုံး၍ နေ့စဉ် နွားနို့သောက်သုံးစေချင်ကြောင်း . . . . . ။    ။






အခြားဆက်စပ်သတင်းများ