နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးခရီးသည်များ ဝတ်လစ်စလစ် ရှာဖွေစစ်ဆေးခံရသည့်ဖြစ်ရပ်ကို ဖြေရှင်းပေးရန် သြစတြေးလျအစိုးရက ကာတာနိုင်ငံထံ အကြောင်းကြား

အောက်တိုဘာ ၂၇၊ ဆစ်ဒနီ


ဒိုဟာမြို့မှ ဆစ်ဒနီမြို့သို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်ပေါ် မတက်မီ အမျိုးသမီးခရီးသည်များကို အဝတ်အစားအားလုံး ချွတ်ခိုင်းပြီး စစ်ဆေးမှုလုပ်ခဲ့သည်ဆိုသည့် စိုးရိမ်ပူပန်စရာ သတင်းများအတွက် ကာတာနိုင်ငံထံ အကြောင်းကြားထားသည်ဟု သြစတြေးလျအစိုးရက ပြောသည်။ ဟာမတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ရေအိမ်အတွင်း မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးများကို မကြာသေးမီက မီးဖွားခဲ့သည့်လက္ခဏာ ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။ အောက်တိုဘာလ ၂ ရက်က တွေ့ရှိခဲ့သည့် မွေးကင်းစကလေးငယ်ကို သက်ဆိုင်ရာက စောင့်ရှောက်ထားသည်။


သြစတြေးလျအမျိုးသမီးများက ရှာဖွေစစ်ဆေးမှုအကြောင်း ထုတ်ပြောခဲ့ပြီးနောက် အဆိုပါကိစ္စကို လူသိများလာခြင်းဖြစ်သည်။ အခြားနိုင်ငံများမှ အမျိုးသမီးများလည်း ရှာဖွေ၊ စစ်ဆေးခံခဲ့ရသည်။ ကာတာလေကြောင်းလိုင်းတွင် လိုက်ပါသည့် အရွယ်ရောက်ပြီးသူ အမျိုးသမီးအားလုံး လေယာဉ်ပေါ်မှ ဆင်းပေးရပြီး ရှာဖွေ၊ စစ်ဆေးခံခဲ့ရသည်ဟု သြစတြေးလျအမျိုးသမီးနှစ်ဦးက ABC ရုပ်သံလိုင်းသို့ ပြောသည်။ သြစတြေးလျအမျိုးသမီး ၁၃ ဦးကို လေယာဉ်ပြေးလမ်းပေါ်ရှိ အရေးပေါ်ယာဉ်တစ်စင်းထံ ခေါ်ဆောင်သွားပြီး အတွင်းခံအဝတ်အစားများ ချွတ်ခိုင်းကာ ရှာဖွေစစ်ဆေးခဲ့ခြင်းဟု သတင်းများက ဖော်ပြသည်။


''ကျွန်မ ခြေထောက်တွေ တဆတ်ဆတ်တုန်နေတယ်။ သူတို့က တစ်နေရာရာ ခေါ်သွားမလားဆိုပြီး ကြောက်မိနေတာပါ။ သူတို့တွေက ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မတို့ကို ဘာလို့မရှင်းပြလဲ မသိဘူး။ တကယ့်ကို ကြောက်စရာကောင်းတယ်။ သနားစရာ အမျိုးသမီးငယ်လေးတွေဆိုရင် ဘယ်လိုများနေမလဲဆိုတာ မတွေးဝံ့အောင်ပဲ'' ဟု ရှာဖွေစစ်ဆေးခံခဲ့ရသည်။ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကာတာအစိုးရက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။ အခြားလေကြောင်းလိုင်းများတွင်လည်း အလားတူရှာဖွေမှု လုပ်ခဲ့ခြင်း ရှိ၊ မရှိ တိတိကျကျ မသိရသေးပေ။                       


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ