နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် တူရကီသမ္မတ အာဒိုဝမ် တိုက်တွန်း

အောက်တိုဘာ ၂၇၊ အန်ကာရာ


အစ္စလာမ်အစွန်းရောက်ဝါဒအပေါ် ပြင်သစ်နိုင်ငံက ပြတ်သားသည့်ရပ်တည်ချက်ကို ထုတ်ပြောခဲ့ ပြီးနောက် အငြင်းပွားမှုဖြစ်ပွားလျက်ရှိရာ ပြင်သစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် တူရကီသမ္မတ အာဒိုဝမ်က တူရကီနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။ ပြင်သစ်နိုင်ငံတွင် မွတ်စလင်များအပေါ် ဖိနှိပ်မှုရှိလာပါက မွတ်စလင်များကို ကာကွယ်ပေးကြရန် တူရကီသမ္မတ အာဒိုဝမ်က ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။


တပည့်များကို တမန်တော်မိုဟာမက်၏ ကာတွန်းများ ပြသခဲ့သည့် ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်က အစွန်းရောက်အစ္စလာမ်ဝါဒနှင့် ရင်ဆိုင်ရချိန်တွင် လောကီဝါဒကို ကာကွယ်မည်ဟု ကတိပေးခဲ့သည်။ ယင်းကဲ့သို့ ကတိပေးခဲ့သည့် ပြင်သစ်သမ္မတ မက်ခရွန်ကို တူရကီသမ္မတ အာဒိုဝမ်က ဒေါသတကြီးဝေဖန်ခဲ့သည်။

ပြီးခဲ့သည့်တနင်္လာနေ့က ရုပ်သံမိန့်ခွန်းပြောရာတွင် အာဒိုဝမ်က '' ပြင်သစ်အမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို အမွှန်းမတင်ကြပါနဲ့။ ဝယ်လည်း မဝယ်ကြပါနဲ့။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဥရောပမှာ ဂျူးတွေကို လုပ်ခဲ့သလို အဖြစ်မျိုးနဲ့ မွတ်စလင်တွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ကို သူ့ရဲ့အမုန်းစကား လှုပ်ရှားမှုတွေရပ်တန့်ဖို့ ဥရောပခေါင်းဆောင်တွေ ပြောသင့်ပါတယ်'' ဟု ဆိုခဲ့သည်။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ