နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလအတွင်း ဖြစ်နေသော်လည်း သီတင်းကျွတ်မီးအလှဆင်ပစ္စည်းများအား အွန်လိုင်းမှရောင်းချပေးမှု များပြားနေ

ရန်ကုန် အောက်တိုဘာ ၂၇


ကိုဗစ်ကာလအတွင်းဖြစ်နေသော်လည်းသီတင်းကျွတ်မီးအလှဆင်ပစ္စည်းများကို အွန်လိုင်းမှရောင်းချပေးမှုများပြားနေကြောင်း“အွန်လိုင်းလျှပ်စစ်နှင့်အိမ်သုံးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း”ပိုင်ရှင်များထံမှသိရသည်။

ယခုအခါကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် home  stay အစီအစဉ်များကြောင့် သီတင်းကျွတ်     မီးထွန်းပွဲတော်များကို ကျင်းပပြုလုပ်နိုင်မည်မဟုတ်သော်လည်း သီတင်းကျွတ်ပွဲတော်ကာလတွင် မိမိတို့၏ နေအိမ်နှင့်ဝင်းခြံများတွင် မီးအလှဆင်ရန်အတွက် သီတင်းကျွတ်မီးအလှဆင်ပစ္စည်းများကို အွန်လိုင်းမှ မှာယူဝယ်ယူမှုများတိုးတက်များပြားလာခဲ့သည်။

ထို့ကြောင့် “အွန်လိုင်းလျှပ်စစ်နှင့်အိမ်သုံးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း”များ၏ ကြော်ငြာရောင်းချနေမှု များမှာလည်း တိုးတက်များပြားလာခဲ့သည်။ ၀ယ်ယူလိုသူများအနေနှင့်အွန်လိုင်းမှ မှာယူဝယ်ယူနေကြပြီး        အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ရောင်းချပေးနေကြခြင်းဖြစ်သည်။ လက်ရှိတွင် သီတင်းကျွတ်မီးအလှဆင်ပစ္စည်းများတွင်၊ LED မီးကြိုး၊ ကြာပန်းဆီမီး၊ မီးဆိုင်းတွဲများ၊ မီးသီးတွဲ များနှင့် အလှမီးအမျိုးမျိုးများကို အ များဆုံးရောင်းပေးနေရသည်ဟုပြောသည်။ စျေးနှုန်းများမှာအနည်းဆုံး ၃၅၀၀ ကျပ်မှငွေကျပ်ငါးသောင်းအထိရှိသည်။

“အွန်လိုင်းလျှပ်စစ်နှင့်အိမ်သုံး ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း”များအနေနှင့်ဝယ်ယူသည့်ပစ္စည်းများကို လိုက်လံပို့ဆောင်ပေးရာတွင် မြို့နယ်ရပ်ကွက်နီးလျှင် ပို့ဆောင်ခအခမဲ့နှင့်ဝေးလျှင် ပို့ဆောင်ခ အနည်းဆုံး     သုံးထောင်ကျပ်နှုန်းဖြင့် ပို့ဆောင်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ