နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြကြီး ကိုးမန်းတစ်ယောက် ဘာစီနည်းပြဘဝအစထဲက လှုပ်ခတ်ခဲ့တာ ယခုချိန်ထိပင်

အောက်တိုဘာ  ၂၇


ဘာစီကစားသမားဟောင်း လက်ရှိနည်းပြကြီး ကိုးမန်းဟာ ဘာစီကိုပြန်လည်ပြုပြင်တည်ဆောက်သွားဖို့ ကြိုးစားရင်း ဘာစီရဲ့ ထိလို့မရတဲ့ကစားသမားကိုထိမိလို့ ဆန္ဒပြခံခဲ့ရတယ်။ ကစားသမားရှင်းထုတ်ဖို့ကလည်း စျေးကွက်သာပိတ်သွားတယ် မအောင်မြင်ခဲ့ပါဘူး။ အသင်းမှာ သူ့အာဏာတည်ဆောက်ရေးကလည်း မက်ဆီ ကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။ ဆွာရက်ဇ်ထွက်ခွာမှုဟာလည်း ဘာစီမှာ ဂယက်ထခဲ့သလို ကိုးမန်းလည်း အတော် အလုပ်ရှုပ်ခဲ့ရပါတယ်။ မက်ဆီနဲ့ပတ်သက်သမျှတွေလည်း ယခုတိုင် မဖြေရှင်းနိုင်သေးသလို တစ်ဖက်မှာလည်း အသင်းရဲ့ရလဒ်တွေနဲ့ ကစားပုံကလည်း ထင်သလိုဖြစ်မလာသေးပါဘူး။ အယ်ကလက်စီကိုမှာ ရီးရဲလ်ကို အရေးနိမ့်ခဲ့တာကြောင့် ကိုးမန်းနေရာပါ နည်းနည်းလှုပ်ခတ်လာပါတယ်။ ဘာစီဟာ ကိုးမန်းအတွက်   စိတ်မွန်းကျပ်စရာနေရာဖြစ်မှန်းမသိဖြစ်လာနေပါတယ်။ ယခုကြားရက်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဂျူဗင်တပ် အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ရီးရဲလ်ကိုရှုံးထားတာတော့ ဂျူဗင်ကိုပါ ထပ်မံရှုံးနိမ့်မယ်ဆိုရင် ကိုးမန်းရဲ့ အနာဂတ် တော်တော်လှုပ်ခတ်သွားမှာပါ။ လက်ရှိမှာ ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုတစ်ယောက် ကိုဗစ်ပိုး ကူးစက်ခံရတာကြောင့် ဒီပွဲမှာပါဝင်လာဖို့ မသေချာဘူးဆိုတဲ့ သတင်းက ကိုးမန်းအတွက် စိတ်သက်သာရာ ရခဲ့ပေမယ့် နောက်စိတ်မသက်သာစရာသတင်းက ဘာစီရဲ့ အဓိကကစားသမား ကော်တင်ဟိုဟာ ရီးရဲလ်နဲ့ ပွဲမှာဒဏ်ရာရရှိခဲ့လို့ ဒီပွဲနဲ့လွဲချော်နိုင်တယ်ဆိုတဲ့ သတင်းပါပဲ။ မက်ဆီကလည်း ပုံမှန်ခြေစွမ်းပြန်မရောက်သေး တာကလည်း ကိုးမန်းအတွက် စိတ်မသက်သာဖြစ်နေရပါတယ်။ ကိုးမန်းဟာ နယ်သာလန်အသင်းမှာ အဆင်ပြေ ခဲ့သလောက် ဘာစီမှာတော့ ရောက်စကနေ ယခုအချိန်ထိ လှိုင်းထလျက်ရှိနေပါတယ်။                          (SO)






အခြားဆက်စပ်သတင်းများ