နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှုံးကို အနိုင်ရယူမှုနဲ့ ပြန်လည်ချေဖျက်မယ့် ဆီမြွန်နီ

အောက်တိုဘာ ၂၆


အောက်တိုဘာ ၂၂ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်−တီကိုတို့ ဘိုင်ယန်အသင်းကို ၄−၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးနိမ့်မှုဟာ အက်−တီကိုရဲ့ ၂၀၂၀−၂၁ ရာသီပထမဆုံးရှုံးပွဲတစ်ပွဲပဲဖြစ်ပါတယ်။ ဒီပွဲဟာ ဆီမြွန်နီရဲ့ အက်သလက်တီကို နည်းပြဘဝ ၉ နှစ်တာကာလမှာ အကြီးမားဆုံးရှုံးပွဲနောက်တစ်ပွဲပဲဖြစ်တယ်လို့ ဆိုပါတယ်။ အက်−တီကိုအသင်းဟာ ဒီတစ်ပတ်လာလီဂါပွဲစဉ်မှာ ဘက်တစ်အသင်းနဲ့ရင်ဆိုင်ရမှာပါ။ လာလီဂါမှာ ၂၁ ပွဲ ဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို မကျိုးပျက်အောင် ဆက်ထိန်းနိုင်ဖို့ ကြိုးစားသွားမှဖြစ်မှာပါ။ နည်းပြပယ်လီဂရီနဲ့ ဘက်တစ်အသင်းဟာ ဒီရာသီမှာ ဂိုးခြိမ်းခြောက်မှု ၇၆ ကြိမ်ဂိုးကန်သွင်းချက်ရှိနေကာ ဂိုးရခွင့် ၅၇ ကြိမ်အထိ ဖန်တီးနိုင်ခဲ့တာကြောင့် ရီးရဲလ်အသင်းရဲ့စံချိန်ကို လိုက်မီထားတဲ့အသင်းပဲဖြစ်ပါတယ်။ အက်−တီကိုက ဒီရာသီ ၄ ပွဲမှာ ၁ ဂိုးသာပေးထားရတဲ့အသင်းပါ။ ဒါပေမယ့် ဘိုင်ယန်ကိုရှုံးခဲ့တာကြောင့် ဆီမြွန်နီက ဒီပွဲကိုအနိုင်ရဖို့ပဲ မျှော်လင့်နေပါတယ်။ ဆီမြွန်နီက “အသင်းကို ကျွန်တော်ယုံကြည်မှုအပြည့်ရှိပါ တယ်။ ဘိုင်ယန်ကိုရှုံးခဲ့လို့ နာကျင်မှုရှိခဲ့ပေမယ့် အသင်းကို ကျွန်တော်ယုံပြီးသားပါ။ အဲဒီရှုံးပွဲကနေ ကျွန်တော်တို့ သင်ခန်းစာတွေရခဲ့ပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့သူတွေကိုလည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ စိတ်အား ထက်သန်မှုအပြည့်နဲ့ အသင်းကိုခင်ဗျားတို့ပြန်မြင်လာရမှာပါ။ အဲဒါကိုဘက်တစ်နဲ့ပွဲအပြီးမှာ စောင့်ကြည့်နိုင် ပါတယ်”လို့ ဖွင့်ဟသွားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ