နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
VAR ပြန်မကြည့်ဘဲ ဒိုင်ရဲ့ငြင်းဆန်မှုကို ခံလိုက်ရပြန်တဲ့ ချဲလ်ဆီးအသင်း

အောက်တိုဘာ ၂၆


စနေနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ မန်ယူတို့ပွဲဟာ ကြည့်ကောင်းခဲ့တဲ့ပွဲတစ်ပွဲပါပဲ။ တော်တော်များများကတော့ မန်ယူအနိုင်ပွဲလို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲရလဒ်ကတော့ ၀−၀ နဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပထမပိုင်းမှာပင် ချဲလ်ဆီးတို့ ပင်နယ်တီပြစ်ဒဏ်ဘောရခဲ့သင့်ပေမယ့် ဒိုင်ရဲ့ငြင်းပယ်ခြင်းအပေါ် အံ့သြမိတယ်လို့ ချဲလ်ဆီးအသင်းသားဟောင်းဖြစ်တဲ့ ဖလွိုက်ဟက်ဆန်ဘိမ့်ခ်က ဆိုခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးဂိုးသမား မန်ဒီဟာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမလိုဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မန်ဒီက ဒီအဖြစ်အပျက်ကို စိတ်မလှုပ်ရှားခဲ့ပဲ ရက်ရှ်ဖို့ဒ်နဲ့ မာတာတို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဘန်ချီဝဲလ်ရဲ့ Free kick ကနေတစ်ဆင့် ဆီဆာအပီကျူတာ ဂိုးဧရိယာအတွင်း ဂိုးသွင်းယူဖို့အခွင့်အရေးကို မက်ဂွားယားက ကာကွယ်သွားခဲ့ပါတယ်။ အဲဒီကာကွယ်မှုကို ရုပ်သံပြန်ကြည့် ချက်အရ မက်ဂွားယားဟာ ကျူတာရဲ့ ဦးခေါင်းကိုချုပ်ကိုင်ပြီး မြေကြီးပေါ်ဆွဲလှဲချဖို့ လုပ်ဆောင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် VAR ကတော့ ဒီအဖြစ်အပျက်ကို ပြန်မကြည့်ခဲ့ပဲ ပွဲကိုဆက်ကစားစေခဲ့ပါတယ်။ ဟက်ဆန်ဘိမ့်ခ်က “မက်ဂွားယားဟာ ဘယ်လိုလုပ်ခဲ့တာလဲ၊ ဒါဟာ သေချာပေါက် ပင်နယ်တီပေးရမှာပါ။ မက်ဂွားယားဟာ ကျူတာကို လှဲချခဲ့တာပါ။ သူဟာခုန်ပြီးတော့ ကျူတာရဲ့ပုခုံးပေါ်ကို သူခန္ဓာကိုယ်နဲ့ ဖိသွား ခဲ့တာပါ”လို့ ပြောပါတယ်။ မန်ယူကစားသမားဟောင်း အီဗရာကလည်း ပင်နယ်တီပေးဖို့ သဘောတူခဲ့ပြီး မက်ဂွားယားရဲ့လုပ်ပုံဟာ WWB နပန်းပွဲကြည့်တဲ့အခါ ဟော့ဟိုဂန်လုပ်တဲ့အကွက်ပါ။ ဒါဟာသေချာပေါက် ပင်နယ်တီပြစ်ဒဏ်ဘောပါ။ ဒီအဖြစ်အပျက်ဟာ ချဲလ်ဆီးပင်နယ်တီရသင့်တာ အသိသာကြီးပါ”လို့ ပြောခဲ့ ပါတယ်။  ဂယ်ရီနဗီးက “မက်ဂွာယားဟာ ကျူတာကိုဆွဲလှဲခဲ့တာပါ။ မက်ဂွားယားကို ပွဲထုတ်တာထက် အနားပေးဖို့သင့်ပါပြီ”လို့ဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ