နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ပွဲမှာတွေ့ရင် ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် ကျန်းမာရေးမကောင်းတဲ့ပြိုင်ဘက်အတွက် ဝမ်းနည်းစကားဆိုလာသူ မက်ဆီ

အောက်တိုဘာ ၂၆


တစ်ချိန်က ဘာစီနဲ့ရီးရဲလ်တို့တွေ့ဆုံတိုင်း ပွဲကောင်းတစ်ပွဲကို အမြဲကြည့်ရလေ့ရှိပါတယ်။ အဲဒီပွဲကောင်း ရတာကလည်း အကောင်းဆုံးကစားသမားနှစ်ဦးတစ်သင်းစီမှာပါဝင်နေလို့ပါပဲ။ ခုတော့ ရော်နယ်ဒိုက ဂျူဗင် အသင်းဆီပြောင်းသွားတော့ သူတို့နှစ်ဦးဆုံတွေ့တဲ့ပွဲတွေက နည်းသွားပါတယ်။ အခုသူတို့နှစ်ဦးတွေ့ဆုံဖို့ ချန်ပီယံလိဂ်ပြိုင်ပွဲက ဖန်တီးပေးခဲ့ပါတယ်။ ဒီပွဲမှာလဲ သူတို့ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာပါ။ ဒါပေမယ့် ဝမ်းနည်းစရာက ရော်နယ်ဒိုတစ်ယောက် နေးရှင်းလိဂ်ကစားရင်း ကိုဗစ်ပိုးကူးစက်ခံရတာကြောင့် သီးခြားဆေးကုသမှုခံနေရပါတယ်။ ဒီသတင်းကြောင့် ဘာစီအသင်းအတွက် သတင်းကောင်းဖြစ်ပေမယ့် မက်ဆီကတော့ ဒီပွဲမှာရော်နယ်ဒိုပါစေချင်တယ်လို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း ပါဝင်လာဖို့ ဆန္ဒရှိနေကြမှာပါ။ မက်ဆီက “ရီးရဲလ်မှာ သူကစားတုန်းက မကြာခဏတွေ့နေရတော့ မထူးဆန်းဘူးလို့ ထင်စရာပါ။ ၂ သင်းကြားက ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ခဲ့ပါတယ်။ ခုတော့ ချန်ပီယံလိဂ်တွေ့ဆုံမှုဖြစ်လို့ ကျွန်တော်ဂရုစိုက်သွားရမှာပါ။ လူတွေက ကျွန်တော်တို့နှစ်ယောက်ပြိုင်ဆိုင်တာကို သဘောကျပေမယ့် ကျွန်တော်ကတော့ အသင်းအနိုင်ရဖို့ကို အာရုံစိုက်မှာပါ။ ဒါပေမယ့် ရော်နယ်ဒိုကစားသမားမျိုး ပိုင်ဆိုင်ထားတဲ့အသင်းကို အနိုင်ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ သူဟာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်လို့ သူအမြန်ဆုံးသက်သာလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်လို့ သူမပါနိုင်ဘူးဆိုရင် ကျွန်တော် ဝမ်းနည်းမိမှာပါ”လို့ ပြောခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ