နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်သင်းတည်းကို တစ်ပွဲတည်းမှာဘဲ သွင်းဂိုး ၁၃ ဂိုးသွင်းယူခဲ့တဲ့ အေဂျက်အသင်း

အောက်တိုဘာ ၂၆


ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၁−၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ဟော်လန်ကလပ်အေဂျက်အသင်းဟာ စနေနေ့က ဟော်လန်လိဂ်ပြိုင်ပွဲမှာ ဗန်လိုအသင်းကို ၁၃−၀ ရလဒ်နဲ့ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ အေဂျက်အတွက် သွင်းဂိုးတွေကိုတော့ လူငယ်ကစားသမား ထွာအိုရေးက ၅ ဂိုး သွင်းယူခဲ့ပြီး အက်ကီလန်ကန့်ပ်နဲ့ ဟန်တယ်လာတို့က နှစ်ဂိုးဆီသွင်းယူပေးခဲ့သလိုတာဒစ်၊ အန်တိုနီ၊ ဘလိုင်းနဲ့ မာတီနက်ဇ်တို့ကလည်း ၁ ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ အေဂျတ်ဟာ ပြည်တွင်းလိဂ်မှာ ၁၉၇၂ ခုနှစ်က ဗီတက်စီအသင်းကို ၁၂−၁  နဲ့ အမြင့်ဆုံးအနိုင်ရခဲ့ဘူးပါတယ်။ ခုတော့ ဒီမှတ်တမ်းကို ချိုးဖျက်ခဲ့ပါပြီ။ အေဂျက် အနေနဲ့ ၁၉၈၄ ခုနှစ် ယူရိုပါလိဂ်မှာ ဒီဖာဒန်ဂျီအသင်းကို ၁၄−၀ ရလဒ်နဲ့ နိုင်ခဲ့ပါတယ်။ ဗန်လိုအသင်းဟာ ၁၉၈၄ ခုနှစ်က အမ်ဟိုဘင်အသင်းကို ၁၀−၀ ရလဒ်နဲ့ ရှုံးခဲ့ဘူးပါတယ်။ ဒီပွဲမှာ ၅ ဂိုးသွင်းခဲ့တဲ့ ထွာအိုရေးဟာ အသင်းအတွက် ၁၉၈၅ ခုနှစ်က ၆ ဂိုးသွင်းခဲ့တဲ့ ဗန်တက်စတန်ပြီးရင် ဒုတိယဂိုးအများဆုံးသွင်းထားသူပါ။ အေဂျက်ဟာ KVB ဖလားပြိုင်ပွဲမှာ ဝီဇစ်အသင်းကို ၁၄−၀ ဂိုး၊ ရာဝီဒီတက်အသင်းကို ၁၀−၀ ဂိုး၊ ချန်ပီယံလိဂ် မှာ နီကိုးရှားအသင်းကို ၁၀−၀ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့မှတ်တမ်းတွေရရှိထားတဲ့အသင်းပါ။


(SO)






အခြားဆက်စပ်သတင်းများ