နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖောင်းပြင်မြို့နယ်၌ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ဖောင်းပြင် ဧပြီ ၂၉

 ဧပြီ ၂၈ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် ဖောင်းပြင်မြို့နယ်၊ မြောက်လွင်ကျေးရွာအဝင် မြောက်လွင်ကျေးရွာနှင့် လွင်ကြီးကျေးရွာသွားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လင်းလင်းအောင်(၂၃)နှစ်မောင်းနှင်ပြီး ဌေးဇော်မြင့် (၃၂)နှစ် နောက် ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ဝင်းထွန်း(၃၂)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးတို့အား ရပ်တန့် စစ်ဆေးရာ လင်းလင်းအောင်၏ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက် ၀ ဒသမ ၂၂ ကီလိုနှင့် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် တံဆိပ်မပါ စိတ်ကြွဆေးပြား ၆၂၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ည ၉ နာရီ ၅ မိနစ်အချိန်တွင် လင်းလင်းအောင်၊ ဌေးဇော်မြင့်နှင့် ဝင်းထွန်းတို့ ၃ ဦး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။             

ဆွေဦး






အခြားဆက်စပ်သတင်းများ