၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ မြို့တော်ဂေါက်ကွင်းတွင် အသုံးပြုရန်အတွက် (၂)ယောက်စီးဘာဂီ (၅၀)စီး ဝယ်ယူလိုပါသည်။
၂။ ဝယ်ယူလိုသော ဘာဂီ၏ အမျိုးအစား၊ Model နှင့် ထုတ်လုပ်သည့်နိုင်ငံ စသည့် အသေးစိပ် စာရင်းနှင့် တင်ဒါစည်းကမ်းချက်များကို အင်းစိန်မြို့နယ်၊ မြို့တော်ဂေါက်ကွင်းတွင် ကြေညာထားမည် ဖြစ်ပါသည်-
တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၂-၁၁-၂၀၂၀
တင်ဒါလျှောက်လွှာပိတ်မည့်နေရက်နှင့်အချိန် - ၃၀-၁၁-၂၀၂၀ (၁၆:၀၀)နာရီ
တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ - မြို့တော်ဂေါက်ကွင်း၊ အင်းစိန်
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉-၄၉၄၄၅၄၆၅၊ ၀၉-၅၀၃၃၆၄၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။ အိတ်ဖွင့်တင်ဒါ ရွေးချယ်မည့်နေရက်၊ အချိန်၊ နေရာတို့ကို ထပ်မံကြေညာပေး မည်ဖြစ်ပါသည်။
တင်ဒါကော်မတီ