နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးနည်းပြရဲ့ အပြုအမူတွေက စိတ်ပျက်စရာကောင်းကြောင်း ပေါ်တိုနည်းပြ ပြော

အောက်တိုဘာ ၂၅


ကျင်းပပြီးစီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ပေါ်တို့ပွဲစဉ်မှာ မန်စီးတီးက ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုတော့ ပေါ်တိုတို့က သွင်းယူခဲ့တာပါ။ နောက်မှ မန်စီးတီးက ၃ ဂိုးပြန်သွင်းပြီး အနိုင်ယူခဲ့တာပါ။ ဒီပွဲစဉ်မှာ ပေါ်တိုနည်းပြကွန်ဆီကာအိုက ဂွါတီယိုလာနဲ့ပတ်သက်ပြီး စိတ်ပျက်စရာ၊ စိတ်ညစ်စရာတွေကြုံတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးကွန်ဆီကာအိုက “ကျွန်တော်သူ့ဆီကအများကြီးသင်ယူလိုက်ရတယ်။ သူ့ရဲ့ ကွင်းလယ် ဒိုင်ပေါ်ဖိအားပေးမှု၊ ပြိုင်ဘက်ကစားသမားတွေအပေါ် ပြောဆိုမှုတွေကို သင်ယူလိုက်ရပါတယ်။ သူက အရမ်းဆိုးရွားတဲ့ စကားလုံးတွေသုံးပြီး ကျွန်တော့်နိုင်ငံ(ပေါ်တူဂီ) အကြောင်းပါပြောသွားခဲ့ပါတယ်။ သူက သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့ကွင်းဘေးကလူတွေအကြောင်း ပြောဆိုခဲ့တယ်။ တစ်ခုခုဆိုရင် ကျွန်တော်အလွန်ဖြစ်အောင်၊ အထင်မှားအောင်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပင်နယ်တီမသတ်မှတ်ခင်မှာ ကျွန်တော့်အသင်းသားပြစ်မျုကျူးလွန်ခံရတာကို ဒိုင်ဆီစောဒက တက်တယ်ဒါပေမယ့် ဒိုင်ကော VAR ဒိုင်တွေကော ပေါ်တူဂီစကားနားမလည်ကြဘူး သင်ယူထားဖို့လိုပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာဟာ နာမည်ကျော်နည်းပြတစ်ဦးဖြစ်ပေမယ့် တစ်ခါတလေမှာ သူ့ရဲ့အပြုအမူတွေက မထင်မှတ်ထားလောက်အောင် ဆိုးရွားတတ်လို့ သူနဲ့တွဲဖက်ကစားဖူးခဲ့တဲ့ ကစားသမားဟောင်းတွေကပါ သူ့ရဲ့စိတ်သဘောထားကို ဝေဖန်ထားခဲ့ကြပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ