နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသထွက် သနပ်ခါး အရောင်းအဝယ်အေးစက်

ချောက်  အောက်တိုဘာ  ၂၅


အညာဒေသထွက်သနပ်ခါးဈေးကွက်တွင် သနပ်ခါးအရောင်းအဝယ်အေးစက်လျက်ရှိကြောင်း ချောက်မြို့နယ်နှင့် ရောင်းဝယ်သူများထံက စုံစမ်းသိရှိရသည်။

"ယခင်ကတော့ သနပ်ခါးကိုဆယ်နှစ်ပွဲတော်နှင့် မြို့နယ်အသီးသီးက ဈေးတွေကိုလိုက်ရောင်းပါတယ်။ ယခင်နှစ်မှာ ပုပ္ပါးမှာကျင်းပတဲ့အဘထွက်ပွဲမှာ အနယ်အရပ်ရပ်လာရောက်ကြတာကြောင့် သနပ်ခါးအဝယ် သွက်ခဲ့တယ်။ ရောင်းကောင်းခဲ့တယ်။ ဆယ်နှစ်ပွဲတော်မရှိရင် ဈေးတွေမှာရောင်းပါတယ်။ လက်ရှိအခြေအနေ အရတော့ ကိုဗစ်ကာလမို့ပွဲတော်မရှိတဲ့အတွက် ဈေးမှာပဲလက်လီရောင်းရတယ်။ အရောင်းအဝယ်အေးနေ တယ်"ဟု ဒေသခံသနပ်ခါးရောင်းဝယ်သူအမျိုးသားတစ်ဦးက ပြောသည်။

သနပ်ခါးလက်လီဈေးမှာ သနပ်ခါးအတုံးအသေး၊ အကြီးကိုမူတည်၍ တစ်တုံးလျှင် ၁၅၀ဝ ကျပ်ကနေ ကျပ်၂၀ဝ၀၊   ၅၀ဝ၀၊  ၈၀ဝ၀ ကျပ်အထိရှိပြီး သနပ်ခါးအမြစ်တုံးတစ်တုံး ၅၀ဝ ကျပ်ကနေ ကျပ် ၁၀ဝ၀ အတွင်း ပေါက်ဈေးရှိကြောင်း ရေနံချောင်းမြို့လက်လီဈေးကွက်မှ သိရသည်။

အညာဒေသတွင် သနပ်ခါးကိုခြံကျယ်ကျယ်ဖြင့် အဓိကစိုက်ပျိုးကြသည့်အပြင် နေအိမ်ခြံဝန်း၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်းသိရသည်။          

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ