နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်မရွန်းနိုင်ငံတွင် သေနတ်သမားများက စာသင်ကျောင်းကို ဝင်ရောက်ပစ်ခတ်၍ အနည်းဆုံး လူ ၆ ဦး သေဆုံး

အောက်တိုဘာ  ၂၅၊ ယိုအန်ဒီ


ကင်မရွန်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသည့် ဒေသရှိ ပုဂ္ဂလိကကျောင်းကို သေနတ်သမားများ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း အရာရှိများက ပြောသည်။ အဆိုပါတိုက်ခိုက်မှုမှာ အန်ဂလိုဖုန်း ခွဲထွက်ရေးသမားများ၏လက်ချက်ဖြစ်သည်ဟု ကင်မရွန်းနိုင်ငံအနောက်တောင်ပိုင်း ကမ်ဘာမြို့ရှိ အရာရှိများက ပြောသည်။ သို့သော် ယင်းတို့၏ပြောကြားချက်ကို ဘီဘီစီသတင်းဌာနက လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

အဆိုပါတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားအရွယ်ရှိသူများဖြစ်သည်ဟု ဒေသဆိုင်ရာ ပညာရေးအရာရှိတစ်ဦးက ပြောသည်။ ၂၀၁၆ ခုနှစ်မှစတင်၍ အန်ဂလိုဖုန်းအဖွဲ့များက ကိုယ်ပိုင်လွတ်လပ်ရေးရရှိရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းလာခြင်းကြောင့် ကင်မရွန်းနိုင်ငံ၏ ဒေသအချို့တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။ ကင်မရွန်းနိုင်ငံ၏ ပြင်သစ်စကားပြောသည့် လူများစုက အင်္ဂလိပ်စကားပြောသည့် လူနည်းစု (အန်ဂလိုဖုန်း)များကို ခွဲခြားဆက်ဆံနေသည်ဟု အန်ဂလိုဖုန်း တက်ကြွလှုပ်ရှားသူများက ပြောသည်။                                                                                  


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ