နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခွန်အခနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး လုပ်ငန်းအရွေ့

စနစ်သစ်အုပ်ချုပ်ရေးနှင့် စည်ပင်သာယာ(၁၉၅၈ မှ ၁၉၈၅) . "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ" ဟူသောအဖွဲ့အစည်းအထိရောက်ရန် စည်ပင်သာယာရေး ၏ ဝန်ထမ်းဖွဲ့စည်းပုံနှင့် သူ၏လုပ်ငန်းများ ဆောင်ရွက်ရသည့် ရန်ပုံငွေအပြောင်းအလဲများသည် လုပ်ငန်းဌာန တစ်ခုတည်းအား အစဉ်တစိုက်လေ့လာကြည့်သည့် မျက်စိထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုး အဖြစ်ဆုံးကိုရှာပါလျှင် ရန်ကုန်မြို့၏ စည်ပင်သာယာလုပ်ငန်းအဖွဲ့အစည်းကို လက်ညှိုးထိုး၍ ပြနိုင်ကြောင်း တွေ့ရှိရလေသည်။ ၁၉၅၈ ခု၊ အိမ်စောင့်အစိုးရလက်ထက်တွင် "ရန်ကုန်မြူနီစီပယ်အဖွဲ့" ဟူ၍ ခေါ်ဆိုခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးဖော်ဆောင်ချက်အရ ဒေသန္တရအဖွဲ့အစည်းများ၊ ဌာနများကို ဦးစီးဌာနများ အဖြစ် ပြောင်းလဲဖွဲ့စည်းသော အချိန်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ မြူနီစီပယ်အဖွဲ့များအားလုံး သည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လက်အောက်သို့ ရောက်ရှိခဲ့သည်။ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် "ရန်ကုန်တိုင်း" ဟူ၍လည်း ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ကြော်ငြာစာအမှတ် ၂၇၀ ကို ထုတ်ပြန်လျက် "ရန်ကုန်မြို့တော် မြူနီ စီပယ်ကော်မတီ" ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က ၁၉၇၃ ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရဆိုမူ ရန်ကုန်မြို့တော် မြူနီစီပယ်ကော်မတီ ၏ နယ်နိမိတ်ကို မြို့နယ် ၂၇ မြို့နယ်ဖြင့် ဖွဲ့စည်းကာ လူဦးရေ ၂၀,၁၅၂,၃၀ ဦးရှိခဲ့ကြောင်း တွေ့ရသည်။ တဖန် ၁၉၇၄ ခုနှစ်၊ မတ် ၂ ရက်ရှိ နိုင်ငံတော်တော်လှန်ရေးကောင်စီမှ ပြည်သူ့ကိုယ်စားလှယ်များကို အာဏာလွှဲပြောင်းပေးမှု၏နောက်တွင် "ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့" ပြောင်းလဲဖွဲ့စည်းခဲ့လေ သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၅-၃-၁၉၇၄ ခုနှစ် ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအရ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းကို "ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့" ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၅၇ ပါဝင် သော အဖွဲ့အစည်းအသစ်အား ၂-၃-၁၉၇၄ ခုနှစ် ရက်စွဲဖြင့် "ရန်ကုန်မြို့တော် မြူနီစီပယ်ကော်မတီ" ကို ဖျက်သိမ်းပြီး အတွင်းရေးမှူးမှ ဆက်လက်ကွပ်ကဲခဲ့သော လုပ်ငန်းကြီးမှ အဖွဲ့စည်းခေါင်းစဉ်အသစ်ဖြင့် အသစ်တဖန်ပြန်လည်ဖွဲ့စည်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါသည်။ ထူးခြားချက်အနေဖြင့် ၁၉၇၇ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၁၃) ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဥပဒေပုဒ်မ (၃၉) အရ၊ "ရန်ကုန် မြို့တော်စည်ပင်သာယာရေးအဖွဲ့"ကို ရန်ကုန်တိုင်းပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဖွဲ့စည်း တာဝန်ပေးပိုင်ခွင့်ပြုနိုင်ခြင်းဖြစ်သည်။ ယင်းလုပ်ပိုင်ခွင့်အရ အဖွဲ့၏အတွင်းရေးမှူးအား "အမှုဆောင် အရာရှိချုပ် (Chief Executive Officer C.E.O)" အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်က ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၅)ဖြင့် စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ အခန်း (၂) ဖွဲ့စည်းခြင်းတွင်ရှိ ပုဒ်မ (၃)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ နိုင်ငံတော် ကောင်စီသည် ၁၂-၃-၁၉၈၅ ခုနှစ်ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၃၈/၈၅) ကိုထုတ်ပြန်ခဲ့သည်။ ယင်း အမိန့်ကြော်ငြာစာအရ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့" မှ "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ" အဖြစ် စတင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ ယင်းကြော်ငြာစာအရပင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် သီးခြားကော်မတီ တစ်ရပ်ဖြစ်လာကာ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ၏ လက်အောက်မှ နိုင်ငံတော်အကြီးအကဲ၏ တိုက်ရိုက် ကွပ်ကဲသော အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာလေခဲ့သည်။ ကော်မတီ၏ ဌာနခေါင်းစဉ်မှာလည်း အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန (နောင်၌ အထွေထွေဦးစီးဌာန)၏ လက်အောက်မဟုတ်တော့ဘဲ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ရကြောင်း တွေ့ရသည်။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ - - - - - - - - - - - - - ဌာန ဟူ၍ ဖြစ်လာခဲ့ပါသည်။ ယင်းကော်မတီ၏ လက်အောက်၌ ထိုစဉ်က ဌာနပေါင်း (၁၅) ခုသာရှိခဲ့လေသည်။ ပန်းဥယျာဉ်ဌာနကို တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနဘတ်ဂျက်ဖြင့်သွားခဲ့၍ ဖြစ်ပါသည်။ ဤသို့ဖြင့် "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ"သည် အိမ်စောင့်အစိုးရ (၁၉၅၈ ခုနှစ်မှ ၁၉၈၅) ခုနှစ်အတွင်း၌မှာပင် အဖွဲ့အစည်းခေါင်းစဉ်များနှင့် လုပ်ဆောင်ရသောခေါင်းစဉ်အလိုက် ဘတ်ဂျက် ရန်ပုံငွေအပြောင်းအလဲများကို တွေ့ရှိနိုင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီးနောက် ၁၉၈၈ ခုနှစ် အရေးအခင်းကာလထိမူ အစိုးရ (၅) ဆက်ပြောင်းလဲခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။ (၁) ပါလီမန်အစိုးရ (၁၉၄၈-၁၉၅၈) (၂) အိမ်စောင့်အစိုးရ (၁၉၅၈-၁၉၆၀) (၃) ပြည်ထောင်စုအစိုးရ (၁၉၆၀-၁၉၆၂) (၄) တော်လှန်ရေးကောင်စီအစိုးရ (၁၉၆၂-၁၉၇၄) (၅) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ (၁၉၇၄-၁၉၈၈) တို့ ဖြစ်ကြပါသည်။ တိုးချဲ့လာသော ရန်ကုန်မြူနီစီပယ်ဧရိယာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖြစ် ဖွဲ့စည်းပြီးနောက် (၁၉၂၀ ခုနှစ်၌ (Rangoon Development Trust Act, 1920) အရ "ရန်ကုန်စည်ပင်သာယာရေးအဖွဲ့" ဟူ၍ ရန်ကုန်မြူနီစီပယ်အဖွဲ့၏ မြို့ပြအိမ်ရာဆိုင်ရာလုပ်ငန်းများ တည်ဆောက်တိုးချဲ့ရန် ဘတ်ဂျက်ရန်ပုံငွေ သီးခြားဖြင့် ကိုလိုနီအစိုးရက ဖွဲ့စည်း ခဲ့သော အဖွဲ့ရှိခဲ့ပါသည်။) ယင်းအဖွဲ့သည် နောင်တွင် "အိုးအိမ်ဦးစီးဌာန" ဖြစ်လာပြီး မြို့သစ်တိုးချဲ့ခြင်းနှင့် မြေစီမံဆောင်ရွက်မှုများကိုဆောင်ရွက်ကာ မြို့သစ်များ တိုးချဲ့တည်ဆောက်မှုရှိရာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်- ၁။ လှိုင်သာယာမြို့သစ် (၁၉၈၅-မေ) ၂။ ရွှေပြည်သာမြို့သစ် (၁၉၈၆-ဖေဖော်ဝါရီ) ၃။ ဒဂုံမြို့သစ်(မြောက်ပိုင်း/တောင်ပိုင်း/အရှေ့ပိုင်း/ဆိပ်ကမ်း)မြို့နယ်များ (၁၉၈၉- မတ်လအစပြု) ဖြစ်၍ ထိုစဉ်ကစတင်ကာ ရန်ကုန်မြူနီစီပယ်ဧရိယာ (သို့မဟုတ်) မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် မြို့နယ် ၃၃ မြို့နယ် ဖြစ်လာခဲ့ပါသည်။ ထိုမြို့နယ်များတွင် ဧရိယာတိုးချဲ့ခြင်းများသာ တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် ရွှေပေါက်ကံ၊ ဝေဘာဂီ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သင်္ဃန်းကျွန်း ကြီးပွားရေးနှင့် သုဝဏ္ဏတို့ကို မြေကွက်များ တိုးချဲ့၍ ဧရိယာတိုးမြင့်လာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏တည်ရှိမှုမှာ ဒီမိုကရေစီအစိုးရ၏ လုပ်ငန်းစဉ်များ၊ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) အား နိုင်ငံတော်သမ္မတက ခန့်အပ် သော်လည်း ဖွဲ့စည်းပုံအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးသကဲ့သို့ ရွေးကောက်တင်မြှောက်သောအဖွဲ့ဝင်များကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေခြင်းဖြင့် မြို့တော်ဝန်သည် ပြည်ထောင်စုဝန်ကြီးအဆင့်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဘဝသို့ ပြောင်းလဲသွားခဲ့ပါသည်။ သို့သော် စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာဘတ်ဂျက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျာထားမှုအပေါ် ထောက်ပံ့ချေးငွေလိုအပ်လာပါက တိုင်းဒေသကြီးအစိုးရအပြင် ပြည်ထောင်စုအစိုးရထံမှလည်း တင်ပြရယူနိုင် သောအခွင့်အလမ်းဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် မြူနီစီပယ်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်မူ တိုင်းဒေသကြီးအဆင့် ပြည်ထောင်စုအဆင့်ဟူ၍ ကျယ်ပြန့်သော လုပ်ငန်းစဉ်များ ချမှတ်နိုင်ခွင့်ရှိလာခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ရန်ကုန်စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းလိုက်သောအခါ ကော်မတီ၏ ဝန်ထမ်းဖွဲ့စည်းပုံ အခေါ် အဝေါ်မှစ၍ လုပ်ငန်းဆောင်ရွက်ခြင်းများကိုလည်း ပြင်ဆင်ပြောင်းလဲသောအရွေ့များဖြင့် အကောင်အထည် ဖော်လျက်ရှိပါသည်။ ထို့အတူ e-government လုပ်ငန်းစဉ်နှင့် online ဆက်သွယ်ဆောင်ရွက်ရသော ရုံးလုပ်ငန်းများကို ပြောင်းလဲပြင်ဆင်ကာ တိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်လျက်ရှိလာပါသည်။ အထူးသဖြင့် ရေဖြန့်ဝေရေးလုပ်ငန်းစဉ်များတွင် ငမိုးရိပ်ဆည်ကြီးမှ ရေရယူသန့်စင်ဖြန့်ဝေသည့် ရေသန့်စင်စက်ရုံ (၂၀၀၅)၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်) ပထမအဆင့်ရေဂါလန် ၄၅ သန်း၊ အောင် တံခွန်ရေသန့်စင်စက်ရုံ(၂၀၁၀)တွင် ရေဂါလန်သန်း ၄၀ နှင့် ၂၀၁၄ ၌ (ညောင်နှစ်ပင်)မှ ဒုတိယအဆင့်ရေဂါလန် ၄၅ နေ့စဉ်တိုးတက် ဖြန့်ဝေလျက်ရှိပါသည်။ လဂွန်းပြင်ရေလှောင်တမံစီမံကိန်းတည်ဆောက်မှုနှင့် အဝီစိတွင်း များမှ တစ်ဆင့် ရေဖြန့်ဝေသော ဒလမြို့နယ်ရှိ ရန်ကုန်ပေါက်ရေဖြန့်ဝေရေးစခန်းနှင့် ထန်းတပင်မြို့နယ် သဲဖြူရေဖြန့်ဝေရေးစခန်းတို့မှလည်း ဆိုင်ရာမြို့နယ်နှင့် ရေဖြန့်ဝေခြင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လျက် ရှိနေကြောင်း တွေ့ရှိရပါသည်။ အခွန်အခနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အထက်ဖော်ပြပါ တိုးချဲ့လုပ်ငန်း တည်ဆောက်မှုလုပ်ငန်းနှင့် ဖွံဖြိုးရေးကိစ္စများမှာ ရင်းနှီးငွေစိုက်ထုတ် ဆောင်ရွက်ရသော လုပ်ငန်းစဉ်များဖြစ်သောကြောင့် အကျိုးတူ PPP လုပ်ဆောင်ခြင်း၊ နိုင်ငံခြားချေးငွေတစ်ရပ် နှင့် ဖက်စပ်ဆောင်ရွက်ရခြင်းစသော Paper Works များမှ မရှိမဖြစ် ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ရန်ကုန်မြို့နေ အခွန်ထမ်းပြည်သူများအနေဖြင့် တိုးတက်လုပ်ဆောင်မှုများကို စီမံကိန်းကာလ၊ ချေးငွေကာလများနှင့် ဟန်ချက်ညီစွာ အကောင်အထည်ဖော်နိုင်ရေး၌ Mind Set များတွင် မိမိတို့၏ အခွန်အခ များကို အပြည့်အဝထမ်းဆောင်ရန် လိုအပ်ကြောင်း ရာခိုင်နှုန်း% ပြည့် အားထည့်ထားရှိနိုင်မှသာလျှင် ရန်ကုန် မြို့ကြီး ပိုမိုဖွံဖြိုးလာနိုင်မည်ဧကန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆင်ခြင်ဉာဏ်၌ တစ်ခုတည်းသော အားထည့်ရမည့်အရာမှာ အခွန်အခအပြည့်အဝ ထမ်းဆောင်ရန်သာဖြစ်ကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါသည်။ မြူလင်း






အခြားဆက်စပ်သတင်းများ