နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံ ပြတ်လပ်နေသည်ဟု သမ္မတ ပူတင် ဝန်ခံ

ဧပြီ  ၂၉၊ မော်စကို

COVID-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ရုရှားနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ(PPE) လုံလောက်မှုမရှိကြောင်း သမ္မတပူတင်က ဝန်ခံခဲ့သည်။
PPE ဝတ်စုံ ထုတ်လုပ်မှုနှင့် မှာယူတင်သွင်းမှု တိုးမြှင့်ထားသော်လည်း PPE ဝတ်စုံ ပြတ်လပ်နေဆဲဖြစ်သည်ဟု ယင်းက ဆိုသည်။ ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနှုန်းအထိ မရောက်သေးသည့်အတွက် ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရမည်ဟု ပူတင်က ပြောသည်။ ရုရှားနိုင်ငံမှာ COVID-19 ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ပိတ်ဆို့မှုကာလကို မေလ ၁၁ ရက်အထိ တိုးမြှင့်ထားသည်။

ရုရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃၀၀၀ ကျော်ရှိနေပြီး ၈၆၇ ဦး သေဆုံးခဲ့သည်။ အထူးသဖြင့် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသများတွင် သင့်တော်သည့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံမရှိဘဲ အလုပ် လုပ်နေရခြင်းအပေါ် ကျန်းမာရေးဝန်ထမ်းများက စောဒကတက်ခဲ့ကြသည်။ ရုရှားနိုင်ငံမှာ ပြီးခဲ့သည့်မတ်လတွင် တစ်နေ့ကို PPE ဝတ်စုံ ၃၀၀၀ သာ ထုတ်လုပ်ခဲ့သော်လည်း ယခုအချိန်တွင် တစ်နေ့ကို PPE ဝတ်စုံ ၁၀၀၀၀၀ အထိ ထုတ်လုပ်နေသည်။ ထို့အပြင် နှာခေါင်းစည်းထုတ်လုပ်မှုကိုလည်း ၁၀ ဆ တိုးမြှင့်ခဲ့ပြီး ဧပြီလအတွင်း တစ်ရက်ကို နှာခေါင်းစည်း ၈.၅ သန်း ထုတ်လုပ်နေသည်။       

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ