နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသတွင် ဝါးတောင်းရက်လုပ်ခြင်းဖြင့် ဝင်ငွေပုံမှန်ရနေ

ရေနံချောင်း၊ အောက်တိုဘာ ၂၂


ရေနံချောင်းမြို့နယ်တွင် ဝါးတောင်းရက်လုပ်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေကြောင်း ရေနံချာင်းမြို့နယ်မှ လယ်ယာလုပ်ငန်းခွင်၌အသုံးပြုသည့် ဝါးတောင်းရက်လုပ်သူအချိူ့.ထံကသိရသည်။ ကျွန်တော်တို့လုပ်ငန်းသုံးအနေနှင့် ဝါးကိုအသုံးပြုတာပါ။ ကျွန်တော်တို့ မိဘတွေကိုယ်တိုင်လုပ်ကိုင်ခဲ့ကြတာပါ။ ''လယ်ယာလုပ်ငန်း ခွင်သုံး၊ ပွဲရုံသုံးအနေနဲ့ ခြင်းကြားတောင်းအမျိုးမျိုးကို ရက်လုပ်ပါတယ်။ ပုံမှန်စျေးကွက်ကတော့ မြို့ပေါ်မှာ ရှိတဲ့ဆိုင်တွေကို လက်ကားပေးရတယ်။ ပွဲရုံ၊ မြေပဲ၊ ဆီးသီးခွဲစက်တွေကို ရောင်းရတယ်။ သီးနှံပေါ်ချိန်မှာတော့တောင်သူသုံးဖြစ်တဲ့အတွက် အရောင်းအဝယ်ပိုရှိတယ်''ဟု ရေနံချောင်းမြို့နယ်ပင်းဝကျေးရွာအုပ်စုမှ အမည် မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။ ဝါးကိုခွဲခြမ်းစိပ်ဖျာပြီး ရက်လုပ်သောတောင်းများကို တောင်သူ များက သီးနှံများခူးဆွတ်ရာတွင်လည်းကောင်း၊ ထုပ်ပိုးရာတွင်လည်းကောင်း၊ ချိန်တွယ်ရာတွင်လည်းကောင်း တောင်းအဖြစ်သုံးကြကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်မှ ဝါးနှီးတောင်းများကိုရေနံချောင်းမြို့နယ် အပြင် မကွေး၊ ကျောက်ပန်းတောင်းအထိ တင်ပို့ရကြောင်း သိရသည်။

ဆန်းညွန့်






အခြားဆက်စပ်သတင်းများ