နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တော ဧပြီ ၂၈

ဧပြီ ၂၇ ရက်၊ ည ၁၂ နာရီခွဲအချိန် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ ဝင်များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်နေ အေးနိုင်(ခ)နားကုတ်(၃၇)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မျိုးနိုင်(ခ)လုံးချေ(၂၉)နှစ်အားတွေ့ရှိပြီး နေအိမ်အပေါ်ထပ်အိပ်ခန်း အတွင်းရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၆၅ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားစ ၁ ခု၊ ပလတ်စတစ် ၁ ဘူး၊ မီးခြစ် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးနိုင်(ခ)နားကုတ်နှင့် မျိုးနိုင်(ခ)လုံးချေတို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေးအရေးယူ လျက်ရှိကြောင်း သိရသည်။              

ဆွေဦး






အခြားဆက်စပ်သတင်းများ