နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ် ဧပြီ ၂၈

ဧပြီ ၂၇ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မန့်ဟီးရိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်း အဖွဲ့သည် မူဆယ်မြို့နယ်၊ မန့်ဟီးရိုးမြို့ နောင်ဟင်ကျေးရွာ၊ ဖိုင်ကျောင်း-နောင်ဟင်ကူးတို့ဆိပ်တွင် အေးစိုင်း မောင်းနှင်လာသောမော်တော်ဆိုင်ကယ်ကို စစ်ဆေးရန်ရပ်တန့်စဉ် ၎င်းမှာဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ဝိုင်းဝန်းဖမ်းဆီးပြီး ၎င်း၏ဆိုင်ကယ်ကိုစစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၉၉ ကီလို စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် အေးစိုင်း(၅၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ