နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းအား ခေတ္တ ပိတ်မည်

ရန်ကုန်   အောက်တိုဘာ   ၂၁


COVID -19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အချိန်ကာလ အတွင်း ၌  ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့  နေ့စဥ် ဝင်/ထွက် သွားလာလျက်ရှိသော လူနာတင်ယာဥ်များ၊ ဆရာဝန်များ၏ ‌မော်တော်ယာဥ်များ နှင့်ထောက်ပံ့ရေးယာဥ်များ ဖြတ်သန်းသွားလာရာတွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက်  ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အား မြို့မကျောင်းလမ်းနှင့် လမ်းမတော် လမ်းဆုံမှ  ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ အထိ ၎င်း လမ်းမကြီးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၄) ရက် နံနက် ၆ နာရီ အချိန်မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဥ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားကြောင်းသိရသည်။

ထို့ကြောင့် မော်တော်‌ယာဥ်မောင်းနှင်နေသူများအနေဖြင့် ၎င်းလမ်းကြီး အား ခေတ္တ ပိတ်ထားစဥ် ကာလအတွင်း အခြားသင့်လျှော်သော လမ်းများအားရွေးချယ်၍ ဖြတ်သန်းမောင်းနှင်သွားရမည်ဖြစ်ကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ