နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟုမ္မလင်းမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

ဟုမ္မလင်း ဧပြီ ၂၈

ဧပြီ ၂၇ ရက်၊ ည ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ အောင်သာငြိမ်း ကျေးရွာအနီး၊ နောင်ပိုအောင်-အောင်သာငြိမ်းကျေးရွာသွားကားလမ်းတွင် အောင်ကျော်ဆန်း မောင်းနှင်ပြီး အောင်ကျော်မြင့် (ခ)အောင်ခိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၁၉၈၃ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်ဆန်း(၃၅)နှစ်၊ အောင်ကျော်မြင့်(ခ)အောင်ခိုင်(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ