နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ COVID စစ်ဆေးရေးစခန်းသို့ သွားရောက်စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ရန်ကုန် အောက်တိုဘာလ ၂၁ ရက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးသည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ဌာနမှူး ဦးလင်းခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအထွက် ရန်ကုန်တိုင်းဒေသကြီးအဝင် လှည်းကူးမြို့နယ် ပဲခူးလမ်းမပေါ်ရှိ မင်းလွင်ကုန်းသို့ သွားရောက်၍ COVID-19 ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား စစ်ဆေးဆောင်ရွက်မည့် စခန်းတည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စခန်းတည်ဆောက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ ရာ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးသည် လှည်းကူးမြို့နယ်အတွင်း အမြန်လမ်းမပေါ်ရှိ (၀)မိုင်တိုင်နှင့် အမှတ်(၇)လမ်းဆုံအနီး ပဲခူးကားလမ်းမပေါ်ရှိ COVID-19 စစ်ဆေးရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားကြောင်း သိရသည်။

မိုးဝေ








အခြားဆက်စပ်သတင်းများ