နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CANAL+ Myanmar ၏ ကိုယ်ပိုင်ဇာတ်လမ်းတွဲများနှင့် သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားသော အစီအစဉ်များ ဆုအသီးသီးအတွက် လျာထားခြင်းခံရ

ရန်ကုန်  အောက်တိုဘာ  ၂၁


Asian Academy Creative Awards သည် အာရှပစိဖိတ်နိုင်ငံများ၏ အနုပညာဖန်တီးမှု အကောင်းဆုံးထူးချွန်ဆုများကို နှစ်စဉ်အကဲဖြတ်ဆုပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပြီး အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ယင်းတို့၏ အကောင်းတကာ့အကောင်းဆုံး ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ အစီအစဉ်များကို နှစ်စဉ်တင်ဆက် ပြသယှဉ်ပြိုင်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ်အတွက် CANAL+ Myanmar မှ (National Host Official Broadcaster)  မြန်မာနိုင်ငံအတွက် တစ်ဦးတည်း မူပိုင်ခွင့်ဖြင့် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တရားဝင်ပြသပေးသွားမည့် ရုပ်သံလိုင်းအဖြစ် ပထမဆုံးအကြိမ် ဂုဏ်ယူစွာဖြင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။


၂ဝ၂ဝ ပြည့်နှစ်အတွက် Asian Academy Creative Awards ၏ ကြေညာမှုများတွင် CANAL+ မှ Bonaza Production နှင့်အတူလက်တွဲကာ ရိုက်ကူးထားရှိသော CANAL+ ၏ ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်သည့် လိပ်ပြာဇာတ်လမ်းတွဲမှ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲဆု၊ စုံထောက်ဉာဏ်ထူးချွန်သည့် ရဲအရာရှိမလေး လိပ်ပြာ ဇာတ်ကောင်အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားသော အဆိုတော်/သရုပ်ဆောင် ပန်းရောင်ခြယ်မှ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ ဝေယံ Pbe မှ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (လိပ်ပြာဇာတ်လမ်းတွဲ)၊  ENEMIES OF YOU မှ အကောင်းဆုံး ဇာတ်ဝင်တေးဆု (လိပ်ပြာဇာတ်လမ်းတွဲ)၊ Arkar Production နှင့်အတူလက်တွဲကာ ရိုက်ကူးထားရှိပြီး CANAL+ ၏ ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့် လောကကြိုးဝိုင်း အတွဲ (၂) ဇာတ်လမ်းတွဲမှ နိုင်ငံခြားပြန် မြန်မာလူမျိုး လက်ဝှေ့အားကစားသမား၊ ကြမ်းတမ်း သယောင်ရှိသော်လည်း စိတ်ဓာတ်ကောင်းမွန်ပြီး သနားကြင်နာတတ်သူ ဖီးနစ် ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသော မော်ဒယ်/သရုပ်ဆောင် ခါရာမှ အကောင်းဆုံးအမျိုးသားဇာတ်ဆောင် ဆုတို့အပြင် CANAL+ တွင် သီးသန့်ထုတ်လွှင့်ပြသခွင့်ရရှိထားသော သူစိမ်းအိမ် ရုံတင်ဇာတ်ကားကြီးမှ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာထူးပိုင်ဇော်ဦးမှ အကောင်းဆုံး ဒါရိုက်တာဆု (သူစိမ်းအိမ်)၊ သရုပ်ဆောင် ကူကူးဇင်အောင်မှ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆု (သူစိမ်းအိမ်)၊ WLC (World Lethwei Championship) ၏ KING OF NINE LIMBS မှ အကောင်းဆုံးအားကစားအစီအစဉ်ဆု အစရှိသဖြင့်အသီးသီး နိုင်ငံကိုယ်စားပြု ဆန်ခါတင်စာရင်းဝင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပမည့် Grand Awards နှင့် Gala Finals ပွဲကြီးတွင် ဆက်လက်ယှဉ်ပြိုင်ပါဝင်ခွင့်ရရှိထားသည်။


AAA (Asian Academy Creative Awards) သည် စင်ကာပူနိုင်ငံ၏ ထင်ရှားသော အနုပညာ ထူးချွန်ဆုပွဲကြီးတစ်ခုဖြစ်ပြီး စင်ကာပူ Infocomm Media Development Authority (IMDA) မှ ဂုဏ်ယူစွာထောက်ခံထားသော ပွဲကြီးဖြစ်ကာ နှစ်စဉ် ဒီဇင်ဘာလတိုင်းတွင် စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်အလျောက် Gala Awards ပွဲကြီးကို ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဆက်လက်ကျင်းပ၍ ဆုများကြေညာပေးသွားမည်ဖြစ်ကာ CANAL+ ၏ CANAL+ KYI LITE ချန်နယ်နှင့် CANAL+ ZAT LENN ချန်နယ်တို့မှ စောင့်မျှော်ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။


ထပ်မံ၍ ဆုရရှိသော ရုပ်ရှင်၊ ဇာတ်လမ်းတွဲများနှင့် အစီအစဉ်များကို CANAL+ တွင် ပြန်လည်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကာ myCANAL အက်ပလီကေးရှင်းမှ ထပ်မံကြည့်ရှုနိုင်မည်ဖြစ်သည်။


CANAL+ မှ လိပ်ပြာနှင့် လောကကြိုးဝိုင်းဇာတ်လမ်းတွဲများကဲ့သို့သော အရည်အသွေးမြင့်မားပြီး ကိုယ်ပိုင်ထုတ်လွှင့်ရိုက်ကူးထားရှိသည့် ဇာတ်လမ်းတွဲကောင်းများကို အစဉ်တစိုက်ဖန်တီးချပြနိုင်ရန် ကြိုးပမ်းလျက်ရှိကာ သူစိမ်းအိမ်ကဲ့သို့သော  ရုံတင်ဇာတ်ကားကြီးနှင့် အခြားသော ရုံတင်ဇာတ်ကားကြီးများကို လစဉ် ပြသပေးလျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အားကစားအစီအစဉ်ကြီးဖြစ်သည့် WLC ၏ KING OF NINE LIMBS အစရှိသည်တို့အား မြန်မာ့ကြည့်ရှုသူ ပရိတ်သတ်များထံချပြပေးလျက်ရှိကာ မတူညီသော ရသမျိုးစုံကို ပေးစွမ်းနိုင်ရန် ပိုမိုကောင်းမွန်သော အစီအစဉ်များကို အစဉ်မပျက်ပြသပေးနိုင်ရန် အစဉ်အမြဲအားထုတ် ကြိုးပမ်းလျက်ရှိသည်။


CANAL+ မှ ကြည့်ရှုသူများထံသို့ အကောင်းဆုံးသော စံနှုန်းမီရုပ်ရှင်ဇာတ်လမ်းများကို ယူဆောင်ပြသ ပေးနိုင်ရန် စဉ်ဆက်မပျက်စွမ်းဆောင်ပေးလျက်ရှိကာ Now & Ever၊ မီ တို့အပါအဝင် အခြားသောရုံတင် ဇာတ်ကားကောင်းကြီးများကို အထူးသီးသန့်ထုတ်လွှင့်တင်ဆက်ခွင့်ဖြင့် ပြသပေးလျက်ရှိသည်။           


(WP)






အခြားဆက်စပ်သတင်းများ