နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းသားကြီး ဟာရီဆင်ဖို့ဒ်နှင့် အက်ဟမ်းစ်တို့ Burt Squire ဟာသဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်

အောက်တိုဘာ  ၂၁


STX Films ရုပ်ရှင်ကုမ္ပဏီ၏ The Miserable Adventures of Burt Squire Aboard the Horn High Yo အမည်ရှိ ဟာသဇာတ်ကား၌ ကမ္ဘာကျော်မင်းသားကြီး ဟာရီဆင်ဖို့ဒ်နှင့် အက်ဟမ်းစ်တို့ ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။


Burt Squire ဇာတ်ကားတွင် မင်းသား အက်ဟမ်းစ်သည် သက်လတ်ပိုင်းအရွယ်၌ ဘဝကိုစိတ်ကုန်နေ သော အိမ်ထောင်သည် အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်၍ မင်းသားကြီး ဟာရီဆင်ဖို့ဒ်က စိတ်အပြောင်းအလဲမြန်သော သင်္ဘောကပ္ပတိန်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ယင်းတို့နှစ်ဦး အတ္တလန္တိတ် သမုဒ္ဒရာအတွင်း၌ သင်္ဘောပျက်ခဲ့ရမှုနှင့်ရင်ဆိုင်ခဲ့ရပုံကို ရိုက်ကူးမည်ဖြစ်သည်။


အဆိုပါ ဟာသဇာတ်ကားသည် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးမည့် ဇာတ်ကား ဖြစ်ပြီး ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာ ဘင်ဘိုလီယာက ရေးသားပေးမည်ဖြစ်ကာ LD Entertainment ကုမ္ပဏီက ထုတ်လုပ်သူအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။                                           


(သူရိန်)






အခြားဆက်စပ်သတင်းများ