နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာနက်ရှာဖွေမှုများနှင့်ပတ်သက်၍ ယုံကြည်မှုအလွဲသုံးစားလုပ်သည်ဟုဆိုကာ အမေရိကန်အစိုးရက ဂူဂဲလ်ကုမ္ပဏီကို စွဲချက်တင်

အောက်တိုဘာ ၂၁၊ ဝါရှင်တန်


အင်တာနက်ပေါ်မှ ရှာဖွေမှုများနှင့် အွန်လိုင်းကြော်ငြာများကို လက်ဝါးကြီးအုပ်နိုင်ရန်အတွက် ဂူဂဲလ်ကုမ္ပဏီက ယင်းတို့၏ လွှမ်းမိုးနိုင်စွမ်းကို အလွဲသုံးစားလုပ်နေသည်ဟု အမေရိကန်အစိုးရက စွဲချက်တင်ခဲ့သည်။ အဆိုပါတရားစွဲဆိုမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုအပေါ် အမေရိကန်စည်းမျဉ်းထိန်းသိမ်းသူများ၏ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ ဂူဂဲလ်ကုမ္ပဏီကို တစ်နှစ်ကျော် စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


သို့သော် အဆိုပါစွဲချက်မှာ အမှားအယွင်းများသည်ဟု ဂူဂဲလ်က တုံ့ပြန်ထားသည်။ ဂူဂဲလ်ကုမ္ပဏီအနေဖြင့် အင်တာနက်ပေါ်မှ ရှာဖွေရေးကဏ္ဍ ပြိုင်ဆိုင်မှုပြင်းထန်အောင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ယင်းတို့၏ လုပ်ထုံးလုပ်နည်းများမှာ အသုံးပြုသူများကိုသာ ရှေ့တန်းတင်သည်ဟု ဆိုသည်။


 ''လူတွေက သူတို့ရွေးချယ်မှုအရ ဂူဂဲလ်ကို အသုံးပြုတာပါ။ သူတို့ကို အတင်းသုံးခိုင်းတာမဟုတ်ဘူး၊ တခြားရွေးချယ်စရာမရှိလို့ ဂူဂဲလ်ကို သုံးရတာလည်း မဟုတ်ပါဘူး'' ဟု ဂူဂဲလ်က ပြောသည်။ အမေရိကန်တရားရေးဝန်ကြီးဌာနနှင့် အခြားပြည်နယ် ၁၁ ခုက ဂူဂဲလ်ကုမ္ပဏီကို ပြည်ထောင်စုတရားရုံးတွင် စွဲဆိုထားခြင်းဖြစ်သည်။


ဂူဂဲလ်ကုမ္ပဏီအနေဖြင့် browser များနှင့် မိုဘိုင်းဖုန်းကဲ့သို့ ကိရိယာများတွင် ယင်းတို့၏ ရှာဖွေရေးအင်ဂျင် search engine ကို အလိုအလျောက် အသုံးပြုကြစေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလျံချီ ပေးအပ်နေခြင်းကို ယခုတရားစွဲဆိုမှုတွင် အဓိကပစ်မှတ်ထားလျက်ရှိသည်။ ဂူဂဲလ်မှာ ဥရောပသမဂ္ဂတွင်လည်း အလားတူစွဲချက်မျိုး ရင်ဆိုင်နေရပြီး ဥရောပကော်မရှင်က တောင်းဆိုထားသည့် ဒဏ်ငွေ ယူရို ၈ ဒသမ ၂ ဘီလျံကို အယူခံဝင်ထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ