နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ဖြစ်ပွားနေသော်လည်း ကြိုးကြာခေါင်းနီငှက် အသိုက်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်

ရန်ကုန်၊  အောက်တိုဘာ  ၁၉


၂၀၂၀ ပြည့်နှစ် ကြိုးကြာခေါင်းနီငှက် မျိုးစိတ်များ၏ မျိုးပွားရာသီတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် သြဂုတ်လအတွင်း ရက်အနည်းငယ်မှအပ ကွင်းဆင်းလုပ်ငန်းများကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ဒေသခံများနှင့် ချိတ်ဆက်မှုများ အမြဲမပြတ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကြိုးကြာခေါင်းနီငှက် အသိုက်စာရင်းကောက်ယူမှု လုပ်ငန်းများကို ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် ကြိုးကြာအသိုက် စာရင်းကောက်ယူမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများအရ ကြိုးကြာခေါင်းနီငှက် အသိုက် ၁၁၅ သိုက်ကို စာရင်း ကောက်ယူမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီစဉ်)မှ သိရသည်။

ကြိုးကြာအသိုက်စာရင်း ကောက်ယူမှု လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မျိုးပွားရာသီအတွင်း ဧရာဝတီတိုင်း ဒေသကြီးရှိ မအူပင်နှင့် ဝါးခယ်မမြို့နယ်များတွင် အဓိကထားလုပ်ဆောင်လျက်ရှိပြီး မအူပင်မြို့နယ်တွင် အသိုက်  ၁၉ သိုက် နှင့် ထိုအသိုက်များမှ အကောင်ပေါက် သုံးကောင်၊  ဝါးခယ်မ မြို့နယ်တွင်  ၉၆ သိုက်နှင့် ထို အသိုက်များမှ အကောင်ပေါက်  ၅၇ ကောင်ကို စာရင်းကောက်ယူမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကြိုးကြာအသိုက်စာရင်းကောက်ယူမှုများကို ဒေသခံများ၊ ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့များ နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီစဉ်)တို့ ပူးပေါင်း၍ ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် စုစုပေါင်း အသိုက်  ၁၁၅ သိုက်ကို မှတ်တမ်းတင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                                  

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ