နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးမှ B အဆင့်သတ်မှတ်ခံရသည့် စက်ရုံ ၄၀ဝ၀ ကျော်ကို ယခုရက်ပိုင်းအတွင်း စစ်ဆေးမည်

ရန်ကုန်၊ အောက်တိုဘာ  ၁၉


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းပြင်ဆင်ထားပြီး အဆင့် B အဖြစ် သတ်မှတ်ခြင်းခံထား ရသည့် စက်ရုံပေါင်း ၄၀ဝ၀ ကျော်ကို ယခုရက်ပိုင်းအတွင်း စစ်ဆေးမည်ဖြစ်ကြောင်း       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

B အဆင့်သတ်မှတ်ခံထားရသည့် အဆိုပါ စက်ရုံပေါင်း ၄၀ဝ၀ ကျော်ကို လာရောက်စစ်ဆေးချိန်တွင် အဆင့် A ဖြစ်အောင် ပြင်ဆင်ထားနိုင်ပါက ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"စည်းကမ်းချက်နဲ့မညီရင် သူတို့ရှောင်တခင်ဝင်စစ်တဲ့အခါတွေ့ရှိရင်တော့ အရေးယူမယ်ဆိုတဲ့ ညွှန်ကြားစာ လည်း ကျွန်တော်တို့ဆီရောက်ပါပြီ။ ဒါကြောင့် စက်ရုံတွေကို ကျွန်တော်တို့ အသိပေးထားတာတွေ ရှိပါတယ် " ဟု ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။ CMP စက်ရုံ၊ အလုပ်ရုံတွေကို ခေတ္တရပ်နားရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်တွင်တော့ ကျန်းမာရေးနှင့်အညီပြင်ဆင်ထားနိုင်သည့် အဆင့် A စက်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အဆင့် A အဖြစ် သတ်မှတ်ခံရပြီး ပြန်လည်ဖွင့်လှစ်နေသည့် စက်ရုံပေါင်း ၂၁၀ဝ ကျော်ရှိကြောင်း သိရသည်။

ယင်းအပြင် စစ်ဆေးရန်ကျန်ရှိနေပြီး B အဆင့် စက်ရုံပေါင်း ၄၀ဝ၀ ကျော်ကိုလည်း တိုင်းဒေသကြီးအစိုးရမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်နိုင်မည်ဆိုပါက လိုက်နာမှုအဆင့် A သတ်မှတ်ခံရမည်ဖြစ်ကာ အောက်တိုဘာ ၁၂ ရက်ကစ၍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်မည်ဟု ကြေညာချက် များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် CMP လုပ်ငန်းပေါင်း ၅,ဝ၀ဝ ကျော်ရှိပြီးအလုပ်သမားဦးရေ ငါးသိန်းကျော် လုပ်ကိုင်နေကြကြောင်း သိရသည်။                                                   မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ